Saturday, April 28, 2018

လယ္ယာေျမဥပေဒအရ လုပ္ပိုင္ခြင့္ေလ်ာက္ထားျခင္း။

သတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္စုံသည့္ အဖြဲ႕အစည္း သို႔မဟုတ္ အသက္ (၁၈) ႏွစ္ျပည့္ၿပီးသူ ႏိုင္ငံသားမ်ားအတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ (၇) ရရွိႏိုင္ေရးကို ေခ်ာေမြ႕ အဆင္ေျပစြာ ေဆာင္႐ြက္ႏိုင္ေရး အတြက္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို အမ်ားျပည္သူသိရွိေစရန္ အသိေပး ေၾကျငာအပ္ပါသည္။
(၁) လယ္ယာေျမလုပ္ပိုင္ခြင့္ေလၽွာက္လႊာ(ပုံစံ-၁)ကို သက္ဆိုင္ရာ ရပ္ကြက္(သို႔မဟုတ္) ေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ အခမဲ့ရယူ၍ ရပ္ကြက္(သို႔မဟုတ္) ေက်း႐ြာ အုပ္စု လယ္ယာေျမ စီမံခန္႔ခြဲေရး အဖြဲ႕မွတစ္ဆင့္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ ေလၽွာက္ထားရပါမည္။
(၂) ရပ္ကြက္(သို႔မဟုတ္)ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ ေလၽွာက္လႊာ လက္ခံ ရရွိသည့္ ေန႔မွ ရက္ေပါင္း (၃၀) အတြင္း ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ စီစစ္ေထာက္ခံခ်က္ ေပးပို႔ ရပါမည္။
(၃) ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ ေလၽွာက္လႊာလက္ခံရရွိသည့္ေန႔မွ (၁၅)ရက္အတြင္း ကန္႔ကြက္ လိုသူရွိပါက ကန္႔ကြက္ႏိုင္ေၾကာင္း ထုတ္ဆင့္သည့္ေၾကာ္ျငာစာ ေၾကျငာမည္ျဖစ္သည္။
(၄) ယင္းေၾကာ္ျငာစာကို ၿမိဳ႕နယ္ဦးစီးဌာန႐ုံးႏွင့္ လယ္ယာေျမတည္ရွိရာ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမ်ားတြင္ ကပ္ထားပါမည္။ေၾကာ္ျငာတြင္ ရက္ေပါင္း (၃၀)အတြင္း ကန္႔ကြက္ႏိုင္ေၾကာင္း ေဖာ္ျပထားပါသည္။
(၅) ကန္႔ကြက္ခ်က္တစ္စုံတစ္ရာ ရရွိလၽွင္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ လက္ခံရရွိသည့္ ေန႔မွ(၇) ရက္အတြင္း သက္ဆိုင္ရာ ရပ္ကြက္(သို႔မဟုတ္)ေက်း႐ြာအုပ္စုမ်ားသို႔ သာမန္အားျဖင့္ စုံစမ္းစစ္ေဆး တင္ျပရန္ အေၾကာင္းၾကား ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။
(၆) သက္ဆိုင္ရာ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စုလယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕သည္ စုံစမ္းစစ္ေဆး ေတြ႕ရွိခ်က္ကို (၇) ရက္အတြင္း ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ တင္ျပရမည္ ျဖစ္ပါသည္။
(၇) ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ တင္ျပခ်က္ကို လက္ခံရရွိသည့္ေန႔မွ ရက္ေပါင္း(၃၀) အတြင္း ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔ သေဘာထားမွတ္ခ်က္ႏွင့္အတူ လယ္ယာေျမ လုပ္ပိုင္ခြင့္ လုပ္ငန္း စာတြဲကို တင္ျပရမည္။
(၈) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ ရရွိသည့္လုပ္ငန္းစာတြဲအား လက္ခံရရွိသည့္ ေန႔မွ (၇) ရက္ အတြင္း သေဘာထားမွတ္ခ်က္ျဖင့္ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သို႔ တင္ျပ သြားရမည္ျဖစ္သည္။
(၉) ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သည္ တင္ျပလာသည့္ လယ္ယာေျမလုပ္ပိုင္ခြင့္ လုပ္ငန္း စာတြဲကို လက္ခံရရွိသည့္ေန႔မွ (၁၅) ရက္အတြင္း လုပ္ပိုင္ခြင့္ေလၽွာက္ထားခ်က္ကို ခြင့္ျပဳ ေၾကာင္း (သို႔မဟုတ္) ျငင္းပယ္ေၾကာင္း ဆုံးျဖတ္ၿပီး ၿမိဳ႕နယ္ဦးစီးဌာန ႐ုံးသို႔ အေၾကာင္း ၾကားရမည္။
(၁၀) ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ -
က။ ခြင့္ျပဳေၾကာင္းအေၾကာင္းၾကားခ်က္ကိုရလၽွင္ လုပ္ပိုင္ခြင့္ရရွိသူကို လယ္ယာေျမ မွတ္ပုံ တင္ရန္ ဦးစီးဌာန ရေငြစာရင္းသို႔ မွတ္ပုံတင္ေၾကးအျဖစ္ ဦးပိုင္လုပ္ကြက္ ၁-ခုလၽွင္ ၅၀ဝိ/ က်ပ္ႏႈန္းေပးသြင္းေစၿပီး လယ္ယာေျမ လုပ္ပိုင္ခြင့္ရရွိသူမ်ား မွတ္ပုံတင္ စာရင္းတြင္ မွတ္တမ္းတင္ၿပီး ၿမိဳ႕နယ္လယ္ ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သို႔ တင္ျပရမည္။
ခ။ ျငင္းပယ္ျခင္းခံရသူကို လယ္ယာေျမ လုပ္ပိုင္ခြင့္ျငင္းပယ္ျခင္းခံရသူမ်ား မွတ္ပုံတင္ စာရင္းတြင္ မွတ္တမ္းတင္ၿပီး ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔ တင္ျပရမည္။
(၁၁) ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕သည္ ခ႐ိုင္လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕၏ အေၾကာင္းၾကားခ်က္ႏွင့္ အညီ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူအား လယ္ယာေျမလုပ္ပိုင္ ခြင့္ျပဳ လက္မွတ္ ပုံစံ(၇)ထုတ္ေပးၿပီး ျငင္းပယ္ျခင္းခံရသူထံသို႔လည္း ျငင္းပယ္ေၾကာင္း အေၾကာင္း ၾကားစာ ပုံစံ(၈) ကို ေပးပို႔သြားမည္ ျဖစ္သည္။
(၁၂) ျငင္းပယ္ေၾကာင္းအေၾကာင္းၾကားစာ လက္ခံရရွိသူသည္ ဆုံးျဖတ္ခ်က္အေပၚ မေက်နပ္ခ်က္ တစ္စုံ တစ္ရာရွိပါက လယ္ယာေျမဥပေဒပုဒ္မ(၂၂)ပါျပ႒ာန္း ခ်က္အတိုင္း သက္ဆိုင္ရာ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ထံ မူလေျမယာမႈခင္း ဖြင့္လွစ္ ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း အသိေပးေၾကျငာအပ္ပါသည္။
အထက္ေဖာ္ျပပါ ေၾကျငာခ်က္အတိုင္းေဆာင္႐ြက္ရာတြင္ အခက္အခဲတစ္စုံတစ္ရာ ေတြ႕ရွိပါက အတြင္းေရးမွဴး၊ ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕၊ ႐ုံးအမွတ္(၁၅)၊ ေနျပည္ေတာ္သို႔ လိပ္မူ၍ လည္းေကာင္း၊ ဖုန္း ၀၆၇- ၄၁၀၀၀၄ သို႔ လည္းေကာင္း ဆက္သြယ္တိုင္ၾကားႏိုင္ပါသည္။
(ဦးစီးဌာနဆိုသည္မွာ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနကို ဆိုလိုပါသည္)

ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔


Wednesday, August 23, 2017

*****************************************
လက္ရွိတြင္ ေျမလြတ္ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ ေလၽွာက္ထားရာ၌ လုပ္ငန္းရွင္မ်ားႏွင့္ ပုဂၢလိကအစုအဖြဲ႕မ်ား၊ ကုမၸဏီမ်ားကသာ ေလ်ာက္ထားအသုံးျပဳလ်က္ရွိၿပီး၊ တစ္ပိုင္တစ္နိုင္လုပ္ကိုင္ေဆာင္ရြက္လိုေသာ လုပ္ကြက္ငယ္ေတာင္သူမ်ား ႏွင့္ အမွန္တကယ္ စိုက္ပ်ိဳးလုပ္ကိုင္လိုသူမ်ား အေနျဖင့္လည္း သတ္မွတ္ထားေသာ စည္းမ်ည္း စည္းကမ္း ဥပေဒမ်ား ႏွင့္ အညီ  လြတ္လပ္စြာေလ်ာက္ထားနိုင္ၾကေၾကာင္းသတင္းရရွိသည္။
******************************************
ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေအာင္သူ သည္ ဌာနဆိုင္ရာတာ၀န္ရွိသူမ်ားနွင့္အတူ ၾသဂုတ္လ(၂၂)ရက္ မြန္းလြဲ(၁)နာရီခြဲအခ်ိန္က ဖိလစ္ပိုင္နိုင္ငံအေျခစိုက္ အျပည္ျပည္ဆိုင္ရာဆန္စပါးသုေတသနဌာနIRRI မွ တာ၀န္ရွိသူမ်ားနွင့္ေတြ႔ဆံု၍ သုေတသန နွင့္ နည္းပညာပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ ကိစၥရပ္မ်ား ေဆြးေႏြး ၾကေၾကာင္း သတင္းရရွိသည္။

Tuesday, August 15, 2017



 ငါးသယံဇာတ ေရရွည္ တည္တံ့တိုးပြားေစေရး၊ ငါးထုတ္လုပ္မွုတိုးတက္ေစေရးအတြက္ အသိပညာေပးျခင္းႏွင့္ ငလိုက္ေရေလွာင္တမံအတြင္း ငါးမ်ိဳးစိုက္ထည့္ျခင္းအခမ္းအနားက်င္းပ

   ၾသဂုတ္လ ၁၅ ရက္ေန႔ နံနက္(၁၀)နာရီခြဲအခ်ိန္တြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူ သည္ ေနျပည္ေတာ္ေကာင္စီဝင္ ဦးေအးေမာင္စိန္ ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားလိုက္ပါလ်က္ ဥတၱရသီရိၿမိဳ႕နယ္ ငလိုက္ေရေလွာင္တမံတြင္ က်င္းပျပဳလုပ္သည့္ ငါးသယံဇာတ ေရရွည္ တည္တံ့တိုးပြားေစေရး၊ ငါးထုတ္လုပ္မွုတိုးတက္ေစေရးအတြက္ အသိပညာေပးျခင္းႏွင့္ ငလိုက္ေရေလွာင္တမံအတြင္း ငါးမ်ိဳးစိုက္ထည့္ျခင္းအခမ္းအနားသို႔ တက္ေရာက္သည္။

          အခမ္းအနားတြင္ ငါးလုပ္ငန္းဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးခင္ေမာင္ေမာ္ က အခမ္းအနားက်င္းပျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္ႏွင့္ ျမန္မာ့ငါးသယံဇာတ ေရရွည္ တည္တံ့ တိုးပြားေရး၊ ငါးထုတ္လုပ္မွုတိုးတက္ေရးဆိုင္ရာ လုပ္ငန္းမ်ား စီမံေဆာင္ရြက္ေနမွု တို႔ကိုရွင္းလင္းတင္ျပသည္။

          ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီး ၊ ေနျပည္ေတာ္ေကာင္စီဝင္ ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိ သူမ်ား၊ ေက်ာင္းသား ေက်ာင္းသူေလးမ်ားက ငလိုက္ေရေလွာင္တမံအတြင္း ငါးမ်ိဳးမ်ား စိုက္ထည့္ေပးၾကသည္။

          ငါးလုပ္ငန္းဦးစီးဌာနအေနျဖင့္ သဘာဝေရျပင္မ်ားတြင္ ေရသယံဇာတမ်ား ေပါမ်ား ႂကြယ္ဝေရး၊ ငါးမ်ိဳးမ်ားမျပဳန္းတီးေရး၊ ငါးထုတ္လုပ္မွုက႑ဖြံ့ၿဖိဳးတိုးတက္ေစေရးတို႔ကို ႀကိဳးပမ္းအေကာင္အထည္ေဖာ္လ်က္ရွိသကဲ့သို႔ သဘာဝေရျပင္ႏွင့္ ျမစ္ေခ်ာင္းအင္းအိုင္မ်ား အတြင္း ငါးမ်ိဳးစိုက္ထည့္ျခင္း၊ ဆည္ေရေလွာင္တမံႀကီးမ်ားအတြင္း ငါးမ်ိဳးစိုက္ထည့္ျခင္း၊ စပါးခင္းမ်ားအတြင္း ငါးမ်ိဳးစိုက္ထည့္ျခင္း၊ တပ္ရင္းတပ္ဖြဲ႕မ်ားရွိ ငါးကန္မ်ားသို႔ ငါးမ်ိဳး စိုက္ထည့္ျခင္း၊ ဘိန္းအစားထိုးေဒသမ်ားအတြင္းရွိ ငါးကန္၊ေရျပင္မ်ားသို႔ ငါးမ်ိဳးစိုက္ထည့္ ျခင္းလုပ္ငန္းတို႔ကို ႏွစ္စဥ္ ေဆာင္ရြက္လ်က္ရွိရာ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ငါးသားေပါက္ ေကာင္ေရ (၉၇၇)သိန္းအား မ်ိဳးစိုက္ထည့္ေပးနိုင္ခဲ့ၿပီးျဖစ္သည္။

          ယေန႔ အခမ္းအနားတြင္ ငလိုက္ေရေလွာင္တမံအတြင္း ငါးသားေပါက္ေကာင္ေရ (၄)သိန္း မ်ိဳးစိုက္ထည့္ေပးခဲ့ၿပီး ငါးသယံဇာတေရရွည္တည္တံ့တိုးပြားေစေရး၊ ငါးထုတ္လုပ္မွု တိုးတက္ေစေရးအတြက္ အသိပညာေပး ျပခန္း ျပကြက္မ်ား၊ သ႐ုပ္ေဖာ္ ျပခန္းမ်ား၊ နံရံကပ္ပိုစတာမ်ား၊ ေဝလငါး႐ုပ္ႂကြင္းျပကြက္မ်ားျဖင့္ ေဝေဝဆာဆာခင္းက်င္းျပသထားရာ ငါးလုပ္ငန္းစိတ္ပါ ဝင္စားသူမ်ား၊ ေက်ာင္းသား ေက်ာင္းသူေလးမ်ား၊ ေဒသေနျပည္သူမ်ား တစ္ေပ်ာ္တစ္ပါး ၾကည့္ရွုေလ့လာၾကေၾကာင္း သတင္းရရွိသည္။


ငါးသယံဇာတ ရေရှည် တည်တံ့တိုးပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် အသိပညာပေးခြင်းနှင့် ငလိုက်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

    သြဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံတွင် ကျင်းပပြုလုပ်သည့် ငါးသယံဇာတ ရေရှည် တည်တံ့တိုးပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် အသိပညာပေးခြင်းနှင့် ငလိုက်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
          အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာ့ငါးသယံဇာတ ရေရှည် တည်တံ့ တိုးပွားရေး၊ ငါးထုတ်လုပ်မှုတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်နေမှု တို့ကိုရှင်းလင်းတင်ပြသည်။
          ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီဝင် နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ကျောင်းသား ကျောင်းသူလေးများက ငလိုက်ရေလှောင်တမံအတွင်း ငါးမျိုးများ စိုက်ထည့်ပေးကြသည်။
          ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝရေပြင်များတွင် ရေသယံဇာတများ ပေါများ ကြွယ်ဝရေး၊ ငါးမျိုးများမပြုန်းတီးရေး၊ ငါးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသကဲ့သို့ သဘာဝရေပြင်နှင့် မြစ်ချောင်းအင်းအိုင်များ အတွင်း ငါးမျိုးစိုက်ထည့်ခြင်း၊ ဆည်ရေလှောင်တမံကြီးများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း၊ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း၊ တပ်ရင်းတပ်ဖွဲ့များရှိ ငါးကန်များသို့ ငါးမျိုး စိုက်ထည့်ခြင်း၊ ဘိန်းအစားထိုးဒေသများအတွင်းရှိ ငါးကန်၊ရေပြင်များသို့ ငါးမျိုးစိုက်ထည့် ခြင်းလုပ်ငန်းတို့ကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ငါးသားပေါက် ကောင်ရေ (၉၇၇)သိန်းအား မျိုးစိုက်ထည့်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
          ယနေ့ အခမ်းအနားတွင် ငလိုက်ရေလှောင်တမံအတွင်း ငါးသားပေါက်ကောင်ရေ (၄)သိန်း မျိုးစိုက်ထည့်ပေးခဲ့ပြီး ငါးသယံဇာတရေရှည်တည်တံ့တိုးပွားစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးအတွက် အသိပညာပေး ပြခန်း ပြကွက်များ၊ သရုပ်ဖော် ပြခန်းများ၊ နံရံကပ်ပိုစတာများ၊ ဝေလငါးရုပ်ကြွင်းပြကွက်များဖြင့် ဝေဝေဆာဆာခင်းကျင်းပြသထားရာ ငါးလုပ်ငန်းစိတ်ပါ ဝင်စားသူများ၊ ကျောင်းသား ကျောင်းသူလေးများ၊ ဒေသနေပြည်သူများ တစ်ပျော်တစ်ပါး ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။





 ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ ျပန္လည္သုံးသပ္မွု အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပ

ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ ျပန္လည္သုံးသပ္မွု အလုပ္႐ုံေဆြးေႏြးပြဲ အခမ္းအနားကို ၾသဂုတ္လ(၁၅)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က ေနျပည္ေတာ္ဟိုတယ္ဇုံရွိ Hilton Hotel ၌ က်င္းပျပဳလုပ္ရာ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူ ၊ အျမဲတမ္းအတြင္းဝန္ ေဒါက္တာခင္ေဇာ္၊ ညႊန္ၾကားေရးမွူးခ်ဳပ္မ်ား၊ World Bank မွ Senior Agricultural Economist ျဖစ္သူ Dr. Sergiy Zorya ဦးေဆာင္သည့္ စီးပြားေရးပညာရွင္မ်ား၊ LIFT Fund မွ Fund Director ျဖစ္သူ Ms. Katy Webley ႏွင့္ Programme Coordinator ျဖစ္သူ Mr. Maurice Schill ႏွင့္ မိတ္ဘက္အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား စုံညီစြာ တက္ေရာက္ၾကသည္။
အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး က အဖြင့္အမွာစကားေျပာၾကားၿပီး ထို႔ေနာက္ World Bank မွ Senior Agricultural Economist ျဖစ္သူ Dr. Sergiy Zorya ႏွင့္ LIFT Fund မွ Fund Director ျဖစ္သူ Ms. Katy Webley တို႔က စိုက္ပ်ိဳးေရး ဆိုင္ရာ ဘ႑ာေငြေၾကးသုံးစြဲမွုဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားသည္။
ယေန႔က်င္းပျပဳလုပ္ေသာ ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ ျပန္လည္သုံးသပ္မွု အလုပ္႐ုံေဆြးေႏြးပြဲ တြင္ ၂၀၀၉-၂၀၁၀ဘ႑ာႏွစ္မွ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရး ဆိုင္ရာအမ်ားျပည္သူမ်ား၏အသုံးစရိတ္မ်ားကို ျပန္လည္သုံးသပ္ေဆြးေႏြးျခင္းႏွင့္ ေရွ႕ဆက္ ေဆာင္ရြက္မည့္ ဘ႑ာေငြသုံးစြဲမွုဆိုင္ရာ မူဝါဒမ်ားကိုလည္းေကာင္း ၊ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ကို နိုင္ငံတကာ ႏွင့္ ႏွိုင္းယွဥ္၍ ေလ့လာဆန္းစစ္ျခင္း၊ ဘတ္ဂ်တ္ေငြေၾကးႏွင့္ စိုက္ပ်ိဳးေရးႏွင့္ဆက္စပ္ ေငြေၾကးမ်ားကို မည္သို႔သုံးစြဲရမည္မ်ားကို တင္သြင္းေဆြးေႏြးျခင္းႏွင့္အတူ အလွူရွင္မ်ား၏ ထည့္ဝင္မွုမ်ားကို စိုက္ပ်ိဳးေရးက႑တြင္ သုံးစြဲမွုမ်ားအား သီးျခားစာရင္းျပဳစုတင္သြင္း နိုင္ေရးကိုလည္းေကာင္း၊ ျမန္မာနိုင္ငံ၏ လယ္ယာက႑ဖြံ့ၿဖိဳးတိုးတက္မွုကို ပူးေပါင္း ေဆာင္ရြက္လ်က္ရွိသည့္ မိတ္ဘက္အဖြဲ႕မ်ား နိုင္ငံတကာမွအေတြ႕ၾကဳံမ်ားႏွင့္ နိုင္းယွဥ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။



မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ အများပြည်သူအသုံးစရိတ် ပြန်လည်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ World Bank မှ Senior Agricultural Economist ဖြစ်သူ Dr. Sergiy Zorya ဦးဆောင်သည့် စီးပွားရေးပညာရှင်များ၊ LIFT Fund မှ Fund Director ဖြစ်သူ Ms. Katy Webley နှင့် Programme Coordinator ဖြစ်သူ Mr. Maurice Schill နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး ထို့နောက် World Bank မှ Senior Agricultural Economist ဖြစ်သူ Dr. Sergiy Zorya နှင့် LIFT Fund မှ Fund Director ဖြစ်သူ Ms. Katy Webley တို့က စိုက်ပျိုးရေး ဆိုင်ရာ ဘဏ္ဍာငွေကြေးသုံးစွဲမှုဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ အများပြည်သူအသုံးစရိတ် ပြန်လည်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲ တွင် ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ဆိုင်ရာအများပြည်သူများ၏အသုံးစရိတ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ မူဝါဒများကိုလည်းကောင်း ၊ စိုက်ပျိုးရေးဆိုင်ရာ အများပြည်သူအသုံးစရိတ်ကို နိုင်ငံတကာ နှင့် နှိုင်းယှဉ်၍ လေ့လာဆန်းစစ်ခြင်း၊ ဘတ်ဂျတ်ငွေကြေးနှင့် စိုက်ပျိုးရေးနှင့်ဆက်စပ် ငွေကြေးများကို မည်သို့သုံးစွဲရမည်များကို တင်သွင်းဆွေးနွေးခြင်းနှင့်အတူ အလှူရှင်များ၏ ထည့်ဝင်မှုများကို စိုက်ပျိုးရေးကဏ္ဍတွင် သုံးစွဲမှုများအား သီးခြားစာရင်းပြုစုတင်သွင်း နိုင်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မိတ်ဘက်အဖွဲ့များ နိုင်ငံတကာမှအတွေ့ကြုံများနှင့် နိုင်းယှဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 



Monday, July 31, 2017




Ease of Doing Business Ranking တိုးတက္ေရးအတြက္ ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္းဆိုင္ရာ    ညႊန္းကိန္းမ်ားတိုးတက္ေရး ညႇိႏွိုင္းအစည္းအေဝးက်င္းပ။
 
ေနျပည္ေတာ္၊ ဇူလိုင္လ(၃၁)ရက္။ 
ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္းညႊန္းကိန္းဆိုင္ရာ လုပ္ငန္းမ်ားျဖစ္ေသာ သက္ေသခံေျမပုံ ေျမရာဇဝင္ေရးကူးျခင္း၊ ပိုင္ဆိုင္မႈတန္ဖိုးျဖတ္ျခင္း၊ တံဆိပ္ေခါင္းခြန္ ေပးေဆာင္ေစျခင္း၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ျခင္း၊ အမည္ေျပာင္းေလၽွာက္ထားျခင္းအတြက္ ကန္႔ကြက္ရန္ ရွိ/မရွိ သတင္းစာတြင္ ေၾကာ္ျငာထုတ္ဆင့္ျခင္း၊ ပိုင္ဆိုင္သူအမည္ လႊဲေျပာင္း ေပးျခင္းတို႔ကို အဆင့္ အလိုက္၊ အပိုင္းလိုက္ တာဝန္ယူ၍ ဌာနအခ်င္းခ်င္း အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ၾကရန္  လိုအပ္သကဲ့သို႔ လုပ္ငန္းစဥ္မ်ားေဆာင္ရြက္ရာတြင္ လုပ္ငန္းအဆင့္တိုင္း၏အေျခအေနမ်ားကို ျပည္သူမ်ား ထင္သာျမင္သာ သိရွိေအာင္ ခ်ျပေဆာင္ရြက္ရန္လိုအပ္ေၾကာင္း ပိုင္ဆိုင္မႈ မွတ္ပုံတင္ျခင္းဆိုင္ရာ ညႊန္းကိန္းမ်ားတိုးတက္ေရး ညႇိႏွိုင္းအစည္းအေဝးကို ဇူလိုင္လ(၃၁)ရက္ နံနက္(၁၀)နာရီခြဲအခ်ိန္က စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး႐ုံး အစည္းအေဝးခန္းမ၌က်င္းပျပဳလုပ္ရာ အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူ က ေဆြးေႏြးေျပာၾကားသည္။
ညႇိႏွိုင္းအစည္းအေဝးတြင္ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးသက္နိုင္ဦး က လယ္ယာေၿမ စီမံ ခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ Doing Business Report(2017) Registering Property Indicator သတ္မွတ္ခ်က္မ်ားႏွင့္ ဘက္ရွိေဆာင္ရြက္ေနမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။
ထို႔ေနာက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ့ၿဖိဳးေရးဦးစီးဌာနတို႔မွ ညႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာန၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ားက အသီးသီး ေဆြးေႏြး တင္ျပၾကရာ ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္း ညႊန္းကိန္း(Registering Property Indicator) အေထာက္အကူျပဳ အဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းေဆြးေႏြးၾကသည္။
  ကမၻာ့ဘဏ္မွ ထုတ္ျပန္ေသာ Doing Business အစီရင္ခံစာ တြင္ ပါဝင္သည့္ အညႊန္းကိန္း(၁၀)ခု အတြက္ ျမန္မာနိုင္ငံ၏အဆင့္ တိုးတက္မႈရွိေစေရး ေဆာင္ရြက္နိုင္ေစရန္၊ အညႊန္းကိန္းအလိုက္ တာဝန္ခံဝန္ႀကီးဌာနမ်ား သတ္မွတ္ရာတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန သည္ ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္း ညႊန္းကိန္း Registering Property Indicator အတြက္ တာဝန္ခံဝန္ႀကီးဌာန အျဖစ္ေဆာင္ရြက္ၿပီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အေဆာက္အဦ ဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ စက္မႈႀကီးၾကပ္ႏွင့္ စစ္ေဆးေရးဦးစီးဌာန၊ ရန္ကုန္ ႏွင့္ မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ႏွင့္ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တို႔ျဖင့္ပါဝင္ဖြဲ႕စည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။


Unicode
Ease of Doing Business Ranking တိုးတက်ရေးအတွက် ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်းကိန်းများတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇူလိုင်လ(၃၁)ရက်။
ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းညွှန်းကိန်းဆိုင်ရာ လုပ်ငန်းများဖြစ်သော သက်သေခံမြေပုံ မြေရာဇဝင်ရေးကူးခြင်း၊ ပိုင်ဆိုင်မှုတန်ဖိုးဖြတ်ခြင်း၊ တံဆိပ်ခေါင်းခွန် ပေးဆောင်စေခြင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်းအတွက် ကန့်ကွက်ရန် ရှိ/မရှိ သတင်းစာတွင် ကြော်ငြာထုတ်ဆင့်ခြင်း၊ ပိုင်ဆိုင်သူအမည် လွှဲပြောင်း ပေးခြင်းတို့ကို အဆင့် အလိုက်၊ အပိုင်းလိုက် တာဝန်ယူ၍ ဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန်  လိုအပ်သကဲ့သို့ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လုပ်ငန်းအဆင့်တိုင်း၏အခြေအနေများကို ပြည်သူများ ထင်သာမြင်သာ သိရှိအောင် ချပြဆောင်ရွက်ရန်လိုအပ်ကြောင်း ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်းကိန်းများတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၃၁)ရက် နံနက်(၁၀)နာရီခွဲအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ Doing Business Report(2017) Registering Property Indicator သတ်မှတ်ချက်များနှင့် ဘက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေး တင်ပြကြရာ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း ညွှန်းကိန်း(Registering Property Indicator) အထောက်အကူပြု အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။ 
ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော Doing Business အစီရင်ခံစာ တွင် ပါဝင်သည့် အညွှန်းကိန်း(၁၀)ခု အတွက် မြန်မာနိုင်ငံ၏အဆင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်နိုင်စေရန်၊ အညွှန်းကိန်းအလိုက် တာဝန်ခံဝန်ကြီးဌာနများ သတ်မှတ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း ညွှန်းကိန်း Registering Property Indicator အတွက် တာဝန်ခံဝန်ကြီးဌာန အဖြစ်ဆောင်ရွက်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန် နှင့် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် အိမ်ခြံမြေဝန်ဆောင်မှုအသင်း တို့ဖြင့်ပါဝင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။