Wednesday, December 28, 2016

 မြန်မာ GAP Protocol မူကြမ်းရေးဆွဲရေး
ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
               မြန်မာ GAP Protocol မူကြမ်းရေးဆွဲရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို (၂၇.၁၂.၂၀၁၆ မှ ၂၈.၁၂.၂၀၁၆) ရက်နေ့အထိ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် တို့မှ ဌာနအကြီးအကဲများ ပညာရှင်အဖွဲ့များ ဖိတ်ကြားထားသူများ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
                 အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ အဖွင့် အမှာစကားပြောကြားရာတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ် ချက်များ၊ နည်းပညာပေး သရုပ်ပြစိုက်ကွင်းများ ထူထောင်ပြသရန် နှင့် GAP အသိအမှတ်ပြု လက်မှတ် ထုတ်ပေး နိုင်ရေးဆိုင်ရာများ ၊ စစ်ဆေးကြပ်မတ်မှု ဆောင်ရွက်ရန် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးမှာကြား သည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက မြန်မာ GAP Protocol မူကြမ်းတွင် ထည့်သွင်း သတ်မှတ်သင့်သည့်အချက်တစ်ချက်ချင်းကို သီးနှံများ အလိုက် အသေးစိတ်အကြံပြု ဆွေးနွေးကြသည်။
         ယနေ့ လူတို့၏ နေထိုင်စားသောက်မှုပုံစံများလည်း ပြောင်းလဲလျက်ရှိရာ သာမန်စားသုံးမှု ပုံစံထက်  ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရ ပြည့်ဝသည့် အစားအသောက် များ ဖြစ်စေရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး တို့ကို ဦးစားပေး ဂရုပြုလာကြသည်ကို တွေ့ရှိရသည်။ စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များတွင် စံသတ်မှတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြောင်းလဲကျင့်သုံးလာမည့် လွတ်လပ်သောအာဆီယံ ကုန်သွယ်ဖက်စနစ်တွင် အာဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း လွတ်လပ်စွာကုန်သွယ်နိုင်ကြမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် စိုက်ပျိုးရေး ထွက်ကုန် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ တင်ပို့ရောင်းချရာ၌ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်များ ဓါတုဓါတ်ကြွင်းကင်းစင်ရေးသတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ကြရ မည်ဖြစ်သည်။
GAP စံနှုန်းများ၊ အော်ဂဲနစ်စံနှုန်းများ ကိုက်ညီသည့် ကုန်ပစ္စည်းများ အနေဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရောင်းချနိုင်မည့်နည်းတူ စံချိန်စံညွှန်းပြည့်မီခြင်းမရှိသော ကုန်ပစ္စည်းများ အနေဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်မှ လက်မခံဘဲ ဆုံးရှုံးနစ်နာမှုများ ခံစားရနိုင်သည်ဖြစ်ရာ ယခုအချိန်သည် စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ ပြောင်းလဲကျင့်သုံးရန် အချိန်အခါကောင်းလည်း ဖြစ်ပေသည်။





ဘရာဇီးနိုင်ငံသံအမတ်ကြီး နှင့်တွေ့ဆုံ
လယ်ယာသားငါးကဏ္ဍနည်းပညာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး 

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ဒီဇင်ဘာ(၂၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ ဘရာဇီး နိုင်ငံ သံအမတ်ကြီး Mr.Antonio Jose’ Maria de Souza e Silva အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံ အကြား လယ်ယာသားငါးကဏ္ဍ နည်းပညာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။  


              ရွှေဘိုပေါ်ဆန်းစပါးမျိုးအား ဒေသထွက်ကုန်     
       အကာအကွယ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ။

           မြန်မာ့မိရိုးဖလာစပါးမျိုး ဗီဇအရင်းအမြစ် အမွေအနှစ်များ ထိန်းသိမ်းရန်၊ စပါးမျိုး မွေးမြူသူ(Rice Breeder)များအတွက် ပေါ်ဆန်း စပါးဗီဇကွဲမျိုးများ အသုံးချခြင်းအားဖြင့် စပါးမျိုးသစ်များ ထုတ်လုပ်နိုင်ရန်၊ ရွှေဘိုဒေသရှိ တောင်သူများ ဒေသထွက်ကုန် အကာအကွယ် ရရှိခြင်းအားဖြင့် ခိုင်မာသောဈေးကွက်ရရှိရန်နှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအတွက် ကုန်အမှတ်တံဆိပ်ခိုင်မာ၍ နိုင်ငံတကာဈေးကွက်အထိ ကျယ်ပြန့်လာစေရန်တို့အတွက် ရွှေဘိုပေါ်ဆန်း စပါးမျိုးအတွက် ဒေသထွက်ကုန် အကာအကွယ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ်  စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
         အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ပညာရေး ဝန်ကြီး ဌာန ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ပညာရှင်များ၊ ရွှေဘိုခရိုင် ပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
         အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း တို့က အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲတွင် ပညာရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ က ရွှေဘိုပေါ်ဆန်း စပါးမျိုးအတွက် ဒေသထွက်ကုန် အကာအကွယ်ရရှိရေး ဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။
          ပေါ်ဆန်းစပါး(ပေါ်ဆန်းဆန်)သည် မြန်မာနိုင်ငံ၏ မိရိုးဖလာ ရှေးယခင်ကတည်းက စိုက်ပျိုးသည့် အရည်အသွေးကောင်း စပါးမျိုးဖြစ်ပြီး ရှေးယခင်အစဉ် အလာအရ မိုးကောင်း သောက် ဒေသများ၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုး၍ ယခုအခါ ပေါ်ဆန်း စပါး(ပေါ်ဆန်းဆန်) ကို ရွှေဘိုကဲ့သို့သော ဆည်ရေသောက်ဒေသများတွင် စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ရေဆင်း၊ မျိုးစေ့ဘဏ်၌ စုဆောင်းထိန်းသိမ်း ထားသော ပေါ်ဆန်းဗီဇကွဲ မျိုးကွဲ ၁၀၀ ကျော်မှ မျိုးရွေးချယ်၍ ရွှေဘိုဒေသနှင့် သင့်လျော်သော မျိုး တစ်မျိုးကို ဖြန့်ဖြူးခဲ့ရာ ယခုအခါ ဧကများစွာ စိုက်ပျိုးနေကြပြီဖြစ်သည်။ ရွှေဘိုနယ်၌ စိုက်ပျိုးခြင်းကြောင့် ရွှေဘိုပေါ်ဆန်း အမည်တွင်နေ သည့် ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ဒေသ ထွက်ကုန် အကာအကွယ်ရရှိရေးပြုလုပ်ရန် လိုအပ်လာခြင်းကြောင့် ယခုကဲ့သို့ ဝန်ကြီးဌာန သုံးခု ပူးပေါင်း၍ ဆွေးနွေးရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Tuesday, December 27, 2016


မွေးမြူ​ရေးနှင့်​ကုသ​ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တတိယ ၃ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြား
27-12-2016
       မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်တာဝန်ခံများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစုံညီစွာတက်ရောက်ကြသည်။ 






Monday, December 26, 2016

 မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့အကြား သဘာဝဘေးအန္တရာယ်လျော့ချရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးပွဲကျင်းပ
       မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့အကြား သဘာဝဘေးအန္တရာယ်လျော့ချရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၆)ရက် ညနေပိုင်း တွင် နေပြည်တော် ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပရာ ဂျပန်နိုင်ငံ မြေယာ၊ ကုန်းလမ်းပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Keiichi ISHII ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ အမြဲတမ်းအတွင်းဝန် များ နှင့် ညွှန်ကြားရေးမှူး ချုပ်များတက်ရောက်ကြသည်။


               

စိုက်ပျိုးရေးဦးစီးဌာန၏ အဌမအကြိမ် သက်ကြီးပူဇော်ပွဲနှင့်
ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲ ကျင်းပမည်။
    လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျရာအခန်းကဏ္ဍများမှ ဆောင်ရွက်ခဲ့ကြပြီး သက်ပြည့်အငြိမ်းစားရယူသွားသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားကြသူဝန်ထမ်းဟောင်းများ တစ်နေရာတည်းတွင် စုစုစည်းစည်း ပြန်လည်ဆုံတွေ့ကြကာ လူမှုရေး၊ ကျန်းမာရေးများ အားပေးနှစ်သိမ့်ဆွေးနွေးနိုင်ရန်၊ အသက်(၇၅)နှစ် နှင့်အထက် သက်ကြီးဝါကြီး အငြိမ်းစားဝန်ထမ်းဟောင်းကြီးများအား ဂါရဝပြုကန်တော့နိုင်ကြရန်တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ သက်ကြီးပူဇော်ပွဲနှင့်ဝန်ထမ်းဟောင်းများ  တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် အင်းစိန်မြို့နယ် ကြို့ကုန်း၊ မျိုးစေ့ဌာနခွဲ အစည်းအဝေးခန်းမ၌ အဌမအကြိမ်မြောက်ကျင်းပမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပ‌ရေး ကော်မတီမှ သိရှိရသည်။
    ယခုနှစ်ကျင်းပမည့် စိုက်ပျိုးရေးဦးစီးဌာန၏ အဌမအကြိမ် သက်ကြီးပူဇော်ပွဲနှင့် ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲတွင် အသက်(၇၅)နှစ် နှင့်အထက် အငြိမ်းစားဝန်ထမ်း(၁၈၂)ဦး တို့အား ကန်တော့ပူဇော်မည်ဖြစ်ရာ အလှူငွေထည့်ဝင်လိုသူများအနေဖြင့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်နှင့် အင်းစိန်မြို့နယ် ကြို့ကုန်း၊ မျိုးစေ့ဌာနခွဲ ၊ ပိုးမွှားကာကွယ်ရေးဌာန၊ မြေအသုံးချရေးဌာနတို့တွင် ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သတင်းရရှိသည်။

Saturday, December 24, 2016

   ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးရှိ သမဝါယမ တက္ကသိုလ် (သန်လျင်)သို့ ရောက်ရှိပြီး သင်ကြားမှု သင်ယူမှုလုပ်ငန်းများ စစ်ဆေးအားပေးသည်။     24-12-2016





Friday, December 23, 2016

   ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ရန်ကုန်တိုင်းဒေသကြီးရှိ သမဝါယမကောလိပ် (ဖောင်ကြီး)သို့ ရောက်ရှိပြီး သင်ကြားမှု သင်ယူမှုလုပ်ငန်းများ စစ်ဆေးအားပေးသည်။     23-12-2016


ပန်းခင်းပွဲတော်(၂၀၁၇) ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်
မြေပဒေသာဥယျာဉ်တွင် ကျင်းပမည်။
=====================================

                   အများပြည်သူများ ပန်းမန်အလှစိုက်ပျိုးခြင်းကို လက်တွေ့လေ့လာနိုင်စေရန်နှင့် စိုက်ပျိုး နည်းပညာရပ်များ ဖြန့်ဝေပေးနိုင်ရန်၊ ဒေသနှင့် ကိုက်ညီသော ပန်းမန်မျိုးသစ်များ အရည်အသွေး ကောင်း မျိုးများကို ပြောင်းလဲ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ မိမိအိမ်ခြံဝင်းအတွင်း ပန်းမန်အလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေနှင့် စိတ်အပန်းဖြေမှု ရရှိစေရန် တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် AGA Agro Co, Ltd. တို့ ပူးပေါင်းကျင်းပမည့် ပန်းခင်းပွဲတော်(၂၀၁၇) ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်အတွင်း ၇ - ၁ -၂၀၁၇ ရက်မှ ၁၂ - ၁-၂၀၁၇ ရက်နေ့ထိ ကျင်းပမည် ဖြစ်သည်။
          ပန်းခင်းပွဲတော်တွင် ရာသီပန်းအမျိုးအစား(၂၀)မျိုး၊ ဟင်းခတ်အမွှေး အကြိုင်(၇)မျိုး၊ ဟင်းသီး ဟင်းရွက်မျိုးသစ်(၂)မျိုး နှင့် အပင် နှစ်သောင်းကျော်ရှိ အခြားစိတ်ဝင်စားဘွယ်ရာ သီးနှံမျိုးစုံတို့ကို စိုက်ပျိုးပြသထားမည်ဖြစ်သည်။
             ပြပွဲသို့ လာရောက်လေ့လာသော အများပြည်သူများအတွက် မိမိတို့ နှစ်သက်ရာ မျိုးစေ့ ပျိုးပင်၊ စိုက်ပျိုးရေးသုံး ဆေးများ မြေသြဇာများ ပံ့ပိုးပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်စေရန် နှင့် လေ့လာနိုင်ရန်အတွက် ပညာပေးအရောင်းဆိုင်ငယ်များ ဖွင့်လှစ်ထားရှိပေးသွား မည်ဖြစ်ပြီး ပြပွဲ ကာလအတွင်း လာရောက်လေ့လာသူများအား အခြေခံစိုက်ပျိုးနည်း ပညာများ ဆွေးနွေးပြသပေးခြင်း၊ ပန်းအလှထိုးနည်းနှင့် သစ်သီးပုံဖော်နည်းများ သရုပ်ဖော်ပြသခြင်း တို့ကို ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။



Thursday, December 22, 2016

***ကရင်ပြည်နယ် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့်
ရော်ဘာသီးနှံ နည်းပညာအခြေခံ ဆင့်ပွားသင်တန်းကျင်းပ***
=================================
  ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ရော်ဘာသီးနှံနည်းပညာအခြေခံ ဆင့်ပွားသင်တန်းကို ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက်(၉)နာရီက စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။



 “အဆင့်မြင့်ရော်ဘာပြားထုတ်လုပ်မှု” 
“ရော်ဘာကိုင်းပိုကိုင်း တက်ဖဲ့ခြင်းနှင့် ကိုင်းထွက်အောင် ပြုပြင်ခြင်း” ကွင်းသရုပ်ပြပွဲများ မုဒုံမြို့နယ်တွင်ကျင်းပ
 
         “အဆင့်မြင့်ရော်ဘာပြားထုတ်လုပ်မှု” ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ(၁၁)ရက်နေ့ နံနက်ပိုင်း  နှင့် “ရော်ဘာကိုင်းပိုကိုင်း တက်ဖဲ့ခြင်းနှင့် ကိုင်းထွက်အောင် ပြုပြင်ခြင်း” ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ (၃၀)ရက်နေ့ နံနက်ပိုင်းတို့တွင် မော်လမြိုင် ခရိုင်၊ မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးက ကြီးမှူးကျင်းပခဲ့ကြောင်းသိရသည်။




  မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ဆွေးနွေး

 တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပေးအပ်ကူညီမည့် မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၂)ရက် နံနက်ပိုင်းက စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Ms. Qian Chunying ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။



Wednesday, December 21, 2016

အမျိုးသားပို့ကုန်မဟာဗျူဟာNational Export Strategy(NES)
               ဆန်ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အမျိုးသားပို့ကုန်မဟာဗျူဟာ National Export Strategy(NES) ဆန်ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးမြင့်ဦး နှင့် ဒေါ်သူဇာမြင့် ၊ ဌာနတာဝန်ခံများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး၊ ဆန်စပါး၊ ပဲနှင့် ဆီထွက်သီးနှံများ အရည်အသွေးမြင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ဇုံများ ရွေးချယ်သတ်မှတ်၍ ကျွမ်းကျင်ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်ရန်၊ စားသုံးမှု အာဟာရနှင့် အရည်အသွေးပြည့်ဝသည့် ဘေးကင်းလုံခြုံစိတ်ရသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စတင်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများ ရေးဆွဲဆောင်ရွက်ရန်ကိစ္စရပ်များ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ(NES)ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်တွင်း၊ပြည်ပ မှ ပူးပေါင်း ကူညီဆောင်ရွက်မည့် အဖွဲ့ အစည်းများ အား ဖိတ်ခေါ်ဆောင်ရွက်သွားရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။




 ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရသုံးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
       စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ နှင့် ဒုတိယဝန်ကြီး ဦးလှကျော် တို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရသုံးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဆွေးနွေးအမှာစကား ပြောကြားစဉ်။
                                                                                              21-12-2016 1း00pm


Tuesday, December 20, 2016


ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် အစားအစာလုံခြုံရေး အစီအစဉ်၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

         ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် အစားအစာလုံခြုံရေး အစီအစဉ်၏ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၀)ရက် နေ့လည်ပိုင်းက စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ဌာနဆိုင်ရာတာဝန်ရှိသူများ USAID, FAO, LIFT,ADS/GAFSP team တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


 
  
 မျိုးစေ့ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်တင် နိုင်ရေးကွင်းဆင်းဆောင်ရွက်

 စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာရဲတင့်ထွန်း သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်နှင့် ညွှန်ကြားရေးမှူး (မျိုးစေ့ဌာနခွဲ)တို့လိုက်ပါလျက် ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင် ၊စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ခရိုင်၊ မြို့နယ်၊ ခြံဝန်ထမ်းများနှင့်  တွေ့ဆုံ၍ မျိုးစေ့ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်တင် နိုင်ရေး ဆွေးနွေးမှာကြားပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။


Monday, December 19, 2016

          ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၁၉)ရက် ညနေပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ကရက်၏ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာကော်မတီ ဒုတိယဥက္ကဌ H.E  Mr. Wang Guosheng ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။




နိုင်ငံတကာသမဝါယမလှုပ်ရှားမှုများနှင့် မြန်မာ့သမဝါယမဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ‌
 
နိုင်ငံတကာသမဝါယမလှုပ်ရှားမှုများနှင့် မြန်မာ့သမဝါယမဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၁၉)ရက် နံနက်(၈)နာရီခွဲက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဗဟိုသမဝါယမအသင်း ဥက္ကဌ ဦးခင်မောင်အေး ၊ သမဝါယမ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ နှင့် ပါမောက္ခများ ၊ Myanmar Leadership Management Institute မှ ကျောင်းအုပ်ကြီး နှင့် ပညာရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။







အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဌ နှင့်အဖွဲ့အား တွေ့ဆုံ။

19-12-2016

Sunday, December 18, 2016


မန္တ​လေးတိုင်း​ဒေသကြီး လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​စာရင်းအင်းဦးစီးဌာန အရာထမ်းများနှင့်​​တွေ့ဆုံ
လုပ်​ငန်းဆိုင်​ရာများ ​ဆွေး​နွေးမှာကြား


      စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဒီဇင်ဘာလ(၁၈)ရက်နေ့လည်ပိုင်းက လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦး ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့နှင့်အတူ မန္တလေးတိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံပြီး လုပ်းငန်းဆိုင်ရာများ ဆွေးနွေးအမှာစကားပြောကြားသည်။
 

18-12-2016 2:00pm