Ease of Doing Business Ranking တိုးတက္ေရးအတြက္
ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္းဆိုင္ရာ ညႊန္းကိန္းမ်ားတိုးတက္ေရး
ညႇိႏွိုင္းအစည္းအေဝးက်င္းပ။
ေနျပည္ေတာ္၊ ဇူလိုင္လ(၃၁)ရက္။
ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္းညႊန္းကိန္းဆိုင္ရာ လုပ္ငန္းမ်ားျဖစ္ေသာ
သက္ေသခံေျမပုံ ေျမရာဇဝင္ေရးကူးျခင္း၊ ပိုင္ဆိုင္မႈတန္ဖိုးျဖတ္ျခင္း၊
တံဆိပ္ေခါင္းခြန္ ေပးေဆာင္ေစျခင္း၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ျခင္း၊
အမည္ေျပာင္းေလၽွာက္ထားျခင္းအတြက္ ကန္႔ကြက္ရန္ ရွိ/မရွိ သတင္းစာတြင္
ေၾကာ္ျငာထုတ္ဆင့္ျခင္း၊ ပိုင္ဆိုင္သူအမည္ လႊဲေျပာင္း ေပးျခင္းတို႔ကို အဆင့္
အလိုက္၊ အပိုင္းလိုက္ တာဝန္ယူ၍ ဌာနအခ်င္းခ်င္း အျပန္အလွန္
ပူးေပါင္းေဆာင္ရြက္ၾကရန္ လိုအပ္သကဲ့သို႔ လုပ္ငန္းစဥ္မ်ားေဆာင္ရြက္ရာတြင္
လုပ္ငန္းအဆင့္တိုင္း၏အေျခအေနမ်ားကို ျပည္သူမ်ား ထင္သာျမင္သာ သိရွိေအာင္
ခ်ျပေဆာင္ရြက္ရန္လိုအပ္ေၾကာင္း ပိုင္ဆိုင္မႈ မွတ္ပုံတင္ျခင္းဆိုင္ရာ
ညႊန္းကိန္းမ်ားတိုးတက္ေရး ညႇိႏွိုင္းအစည္းအေဝးကို ဇူလိုင္လ(၃၁)ရက္
နံနက္(၁၀)နာရီခြဲအခ်ိန္က စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန
ျပည္ေထာင္စု ဝန္ႀကီး႐ုံး အစည္းအေဝးခန္းမ၌က်င္းပျပဳလုပ္ရာ အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး
ေဒါက္တာေအာင္သူ က ေဆြးေႏြးေျပာၾကားသည္။
ညႇိႏွိုင္းအစည္းအေဝးတြင္ ညႊန္ၾကားေရးမႉးခ်ဳပ္
ဦးသက္နိုင္ဦး က လယ္ယာေၿမ စီမံ ခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ Doing Business
Report(2017) Registering Property Indicator သတ္မွတ္ခ်က္မ်ားႏွင့္
ဘက္ရွိေဆာင္ရြက္ေနမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။
ထို႔ေနာက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ၿမိဳ႕ျပႏွင့္
အိမ္ရာဖြံ့ၿဖိဳးေရးဦးစီးဌာနတို႔မွ ညႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္
ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာန၊ ရန္ကုန္ၿမိဳ႕ေတာ္
စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ားက အသီးသီး ေဆြးေႏြး တင္ျပၾကရာ
ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္း ညႊန္းကိန္း(Registering Property Indicator)
အေထာက္အကူျပဳ အဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းေဆြးေႏြးၾကသည္။
ကမၻာ့ဘဏ္မွ
ထုတ္ျပန္ေသာ Doing Business အစီရင္ခံစာ တြင္ ပါဝင္သည့္ အညႊန္းကိန္း(၁၀)ခု အတြက္
ျမန္မာနိုင္ငံ၏အဆင့္ တိုးတက္မႈရွိေစေရး ေဆာင္ရြက္နိုင္ေစရန္၊ အညႊန္းကိန္းအလိုက္
တာဝန္ခံဝန္ႀကီးဌာနမ်ား သတ္မွတ္ရာတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္
ဆည္ေျမာင္းဝန္ႀကီးဌာန သည္ ပိုင္ဆိုင္မႈမွတ္ပုံတင္ျခင္း ညႊန္းကိန္း Registering
Property Indicator အတြက္ တာဝန္ခံဝန္ႀကီးဌာန အျဖစ္ေဆာင္ရြက္ၿပီး
လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊
အေဆာက္အဦ ဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ စက္မႈႀကီးၾကပ္ႏွင့္
စစ္ေဆးေရးဦးစီးဌာန၊ ရန္ကုန္ ႏွင့္ မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ႏွင့္
အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တို႔ျဖင့္ပါဝင္ဖြဲ႕စည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း
သတင္းရရွိသည္။
Unicode
Ease of Doing
Business Ranking တိုးတက်ရေးအတွက် ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်းကိန်းများတိုးတက်ရေး
ညှိနှိုင်းအစည်းအဝေးကျင်းပ။
နေပြည်တော်၊ ဇူလိုင်လ(၃၁)ရက်။
ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းညွှန်းကိန်းဆိုင်ရာ လုပ်ငန်းများဖြစ်သော
သက်သေခံမြေပုံ မြေရာဇဝင်ရေးကူးခြင်း၊ ပိုင်ဆိုင်မှုတန်ဖိုးဖြတ်ခြင်း၊ တံဆိပ်ခေါင်းခွန်
ပေးဆောင်စေခြင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်းအတွက် ကန့်ကွက်ရန်
ရှိ/မရှိ သတင်းစာတွင် ကြော်ငြာထုတ်ဆင့်ခြင်း၊ ပိုင်ဆိုင်သူအမည် လွှဲပြောင်း ပေးခြင်းတို့ကို
အဆင့် အလိုက်၊ အပိုင်းလိုက် တာဝန်ယူ၍ ဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်
လုပ်ငန်းအဆင့်တိုင်း၏အခြေအနေများကို ပြည်သူများ ထင်သာမြင်သာ သိရှိအောင် ချပြဆောင်ရွက်ရန်လိုအပ်ကြောင်း
ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်းကိန်းများတိုးတက်ရေး
ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၃၁)ရက်
နံနက်(၁၀)နာရီခွဲအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင်
ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ
Doing Business Report(2017) Registering Property Indicator သတ်မှတ်ချက်များနှင့် ဘက်ရှိဆောင်ရွက်နေမှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူများက အသီးသီး ဆွေးနွေး တင်ပြကြရာ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း ညွှန်းကိန်း(Registering
Property Indicator) အထောက်အကူပြု အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။
ကမ္ဘာ့ဘဏ်မှ
ထုတ်ပြန်သော Doing Business အစီရင်ခံစာ တွင် ပါဝင်သည့်
အညွှန်းကိန်း(၁၀)ခု အတွက် မြန်မာနိုင်ငံ၏အဆင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်နိုင်စေရန်၊
အညွှန်းကိန်းအလိုက် တာဝန်ခံဝန်ကြီးဌာနများ သတ်မှတ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန သည် ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း ညွှန်းကိန်း Registering
Property Indicator အတွက် တာဝန်ခံဝန်ကြီးဌာန အဖြစ်ဆောင်ရွက်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊
စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန် နှင့် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ
နှင့် အိမ်ခြံမြေဝန်ဆောင်မှုအသင်း တို့ဖြင့်ပါဝင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။