စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ၏ သတင်းအချက်အလက်များ ၊ အမိန့် ကြေငြာချက် နှင့် အသိပေးနှိုးဆော်ချက်များကို အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရန်နှင့် လယ်ယာစီးပွားသတင်း စာစောင် ဖတ်ရှု လေ့လာလိုသူများ အနေဖြင့် အလွယ်တကူ ရှာဖွေရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ {{{ စိုက်ပျိုးရေး- ပြန်ကြားရေးဌာနစိတ် }}}
Friday, January 27, 2017
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ(၂၄)ရက် နေ့လည်ပိုင်းတွင် ညောင်ဦးမြို့နယ် အပူပိုင်းဒေသသီးနှံ ဗဟိုသုတေသနခြံသို့ရောက်ရှိကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော အပူပိုင်းဇုံဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
မုန်တိုင်ရေလှောင်တမံ နှင့် ကြက်မောက်တောင်ရေလှောင်တမံ များအား ကြည့်ရှု စစ်ဆေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းဦး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဦး တို့လိုက်ပါလျက် ဇန်နဝါရီလ(၂၄)ရက် နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မုန်တိုင်ရေလှောင်တမံသို့ရောက်ရှိပြီး ဆည်ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ ဒေသစိုက်ပျိုးရေနှင့်သောက်သုံးရေ ဖြန့်ဝေပေးမှု၊ မိတ္ထီလာကန်သို့ ရေကူပေး နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
မုန်တိုင်ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ချောင်းကိုပိတ်၍ တည်ဆောက်ထားသည့် မြေသားတမံအမျိုးအစားဖြစ်ကာ ၁၉၆၆-၆၇ခုနှစ်တွင်တည်ဆောက်ပြီးစီး ခဲ့သည်။ပင်မတမံအလျား(၄၂၀၀)ပေ တမံအမြင့်(၆၇)ပေ ရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ (၂၇၀၄၅) ဧကပေ နှင့် ပေ(၃၀၀)အကျယ် ကွန်ကရစ်ရေပိုလွှဲ၊ သံကူကွန်ကရစ် အချင်း(၇)ပေ အရှည်(၄၁၁)ပေရှိ ရေထုတ်ပြွန်တို့ဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ရေသွယ်တူးမြောင်းများအနေဖြင့် ကွန်ကရစ် မြောင်း(၁. ၁၇)မိုင်၊ အုတ်စီမြောင်း (၆. ၂၀)မိုင်၊ မြေသားမြောင်း(၁. ၇၀)မိုင်၊ ချောင်မ (၁၃. ၉၈)မိုင် ပါရှိပြီး ဒေသစိမ်းလန်းစိုပြေရေး နှင့် စိုက်ပျိုးရေ သောက်သုံးရေ များအပြင် မိတ္ထီလာကန်သို့ ရေကူပေး နေသော ဆည်တမံတစ်ခုလည်းဖြစ်သည် ။
မုန်တိုင်ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ချောင်းကိုပိတ်၍ တည်ဆောက်ထားသည့် မြေသားတမံအမျိုးအစားဖြစ်ကာ ၁၉၆၆-၆၇ခုနှစ်တွင်တည်ဆောက်ပြီးစီး ခဲ့သည်။ပင်မတမံအလျား(၄၂၀၀)ပေ တမံအမြင့်(၆၇)ပေ ရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ (၂၇၀၄၅) ဧကပေ နှင့် ပေ(၃၀၀)အကျယ် ကွန်ကရစ်ရေပိုလွှဲ၊ သံကူကွန်ကရစ် အချင်း(၇)ပေ အရှည်(၄၁၁)ပေရှိ ရေထုတ်ပြွန်တို့ဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ရေသွယ်တူးမြောင်းများအနေဖြင့် ကွန်ကရစ် မြောင်း(၁. ၁၇)မိုင်၊ အုတ်စီမြောင်း (၆. ၂၀)မိုင်၊ မြေသားမြောင်း(၁. ၇၀)မိုင်၊ ချောင်မ (၁၃. ၉၈)မိုင် ပါရှိပြီး ဒေသစိမ်းလန်းစိုပြေရေး နှင့် စိုက်ပျိုးရေ သောက်သုံးရေ များအပြင် မိတ္ထီလာကန်သို့ ရေကူပေး နေသော ဆည်တမံတစ်ခုလည်းဖြစ်သည် ။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်
ရေလှောင်တမံ သို့ ရောက်ရှိကြပြီး နှစ်စဉ်မိုးရွာသွန်းမှုနှင့် ရေစုဆောင်း သိုလှောင်နိုင်မှု၊ စိုက်ပျိုးရေနှင့်
သောက်သုံးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြက်မောက်တောင်ရေလှောင်တမံကို ရုရှားပညာရှင်များနှင့် မြန်မာပညာရှင်များ ပူးပေါင်း
ကြက်မောက်တောင်ရေလှောင်တမံကို ရုရှားပညာရှင်များနှင့် မြန်မာပညာရှင်များ ပူးပေါင်း
ဆောင်ရွက်ခဲ့ကြပြီး ၁၉၆၆-၆၇ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ပင်မတမံအလျား(၈၅၀၀)ပေ တမံအမြင့်(၁၁၂. ၅)ပေ ရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ (၇၃၁၀၀) ဧကပေ သိုလှောင်နိုင် သည်။ ပေ(၃၀၀)အကျယ် R.C Broad Crest - Chute Type ရေပိုလွှဲ၊ သံကူကွန်ကရစ်ပိုက် အချင်း(၇)ပေ အရှည်(၄၃၄)ပေရှိ ရေထုတ်ပြွန်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ရေသွယ်တူးမြောင်းများ အနေဖြင့် တူးမြောင်းမကြီး(၂)ခု၊ လက်တံမြောင်း(၃၅)ခု တို့ဖြင့် ဒေသစိမ်းလန်း စိုပြေရေး နှင့် စိုက်ပျိုးရေ သောက်သုံး
ရေများဖြန့်ဝေပေးလျက်ရှိသည်။
Thursday, January 19, 2017
စတုတ္ထအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ
စတုတ္ထအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေး ကို ဇန်နဝါရီလ(၁၉)ရက် နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ဗဟိုကော်မတီအဖွဲ့ဝင်များစုံညီစွာ တက်ရောက်ကြသည်။
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ နိုင်ငံနှင့်အဝန်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ရယူထားပြီး ကင်းလွတ်ခွင့်ကာလကုန်ဆုံးခဲ့သည့် မြေများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ စတင်ကောက်ခံ နိုင်ရေး ပြည်ထောင်စုအစိုးရရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်းနှင့် အစိုးရကာလ အဆက်ဆက်က လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံနှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား နိုင်ငံနှင့်အဝန်း ဒေသအသီးသီးမှာ အကြောင်းအမျိုးမျိုးဖြင့် ရယူထားခဲ့ပြီး သတ်မှတ်ကာလ(၄)နှစ် အတွင်း လုပ်ကိုင် နိုင်စွမ်းမရှိသည့် မြေများကို အမှန်တကယ် လုပ်ကိုင်လိုသူ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများနှင့် ဒေသအသီးသီး ရှိ ဒေသခံ လယ်မဲ့၊ ယာမဲ့ တောင်သူ လယ်သမားများသို့ လုပ်ကိုင်နိုင်ရန် ဆက်လက် ချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
FARM Project ဆိုင်ရာ အမျိုးသားအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပ
FARM Project ဆိုင်ရာ အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ၁/၂၀၁၇ အစည်းအဝေးကို ဇန်နဝါရီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ဒုတိယ၀န်ကြီး ဦးလှကျော် တက်ရောက် အမှာစကားပြောကြားသည်။
***** သတိပြုစေချင်အဖ်လာတော်ဆင် (Aflatoxin)*****
------------------------------------------------------------
အဖ်လာတော်ဆင်(Aflatoxin) ဟူသောစကားလုံးသည် Aspergillus flavus မှိုနှင့်toxin (အဆိပ်) စကားလုံးနှစ်လုံးကို ပေါင်းစပ်ခေါ်ဝေါ်သော လက်တင်စကားလုံးဖြစ်သည်။ အဖ်လာတော်ဆင် (Aflatoxin) သည်မှိုများမှထုတ်လုပ်သောအဆိပ်၊မိုက်ကိုတော်ဆင် (Mycotoxin)တစ်မျိုးဖြစ်သည်။ ထိုအဖ်လာတော်ဆင် (Aflatoxin) များသည် အလွန် အဆိပ်ပြင်းထန်သော ဓါတ်ပေါင်းများဖြစ်ပြီး လူနှင့်အခြားတိရစ္ဆာန်များကို ချက်ခြင်းအဆိပ်သင့်ပြီးအန္တရာယ်ဖြစ်စေနိုင်သလို နာတာရှည် အဆိပ်သင့်ကာ ကင်ဆာရောဂါဖြစ်စေ၍ အသက်ဆုံးရှုံးနိုင်သည်။
စိုက်ပျိုးရေးသီးနှံများတွင် ကျရောက်ဖျက်ဆီးတတ်သော မှိုရောဂါများဖြစ်စေသည့် မှိုအမျိုးမျိုး အနက် အဖ်လာတော်ဆင်(Aflatoxin) အဓိက ထုတ်သောမှိုများမှာAspergillus flavusနှင့်Aspergillus parasiticus တို့ဖြစ်ကြသည်။ အခြားAspergillus မှိုမျိုးရင်းဝင်များဖြစ်သော Aspergillus nomius and Aspergillus niger တို့သည်လည်းအဖ်လာတော်ဆင်(Aflatoxin) ထုတ်ကြသည်။ Aspergillus မှိုမျိုးရင်းဝင် မှိုများသည်မြေကြီး၊ သီးနှံပင်ကြွင်းပင်ကျန်များနှင့် လေထဲတွင်ပျံ့နှံ့နေသည်။ ကမ္ဘာကြီး၏ ပူနွေးစွတ်စိုသောနေရာဒေသများတွင်၎င်းမှိုများပေါက်ရောက်မှုများသည်။
၎င်းမှိုများသည်စိုက်ပျိုးသီးနှံအများစုနှင့် သိုလှောင်သီးနှံများတွင် ကျရောက်တတ်သည်။ အစိုဓါတ် အနည်းငယ်နှင့် အပူချိန် (၁၃-၃၇) ဒီဂရီ စင်တီဂရိတ်တွင် ပေါက်ပွားနိုင်ပြီး အဖ်လာတော်ဆင်(Aflatoxin) များထုတ်လုပ်နိုင်သည်။
အဖ်လာတော်ဆင်(Aflatoxin)များတွင် B1, B2, G1, နှင့် G2 ဟူသောအမျိုးအစား (၄) မျိုးရှိပြီး သဘာဝအတိုင်းအစားအစာများတွင်တွေ့ရသည်။၎င်းတို့အနက် B1 အမျိုးအစားသည် အစားအစာများ တွင် အများဆုံးတွေ့ရပြီး အလွန်အဆိပ်သင့်စေတတ်ကာ လူကို ကင်ဆာဖြစ်စေသည်။ ၎င်းအပြင် အဖ်လာ တော်ဆင်(Aflatoxin) ပါဝင်သောအစာများကို စားသောက်ရသော နို့စားနွားများမှ ထုတ်လုပ်ရရှိသော နို့နှင့်နို့ထွက်ပစ္စည်းများတွင် အဖ်လာတော်ဆင်(Aflatoxin) မှဆင်းသက်လာသော ဓါတ်ပေါင်းဖြစ်သည့် အဖ်လာတော်ဆင်(Aflatoxin) M1 နှင့် M2 အမျိုးအစားများပါဝင်သည်။
၁၉၆၀တွင်ဗြိတိန်နိုင်ငံတွင် ကြက်ဆင်အကောင်တစ်သိန်းနှင့် အခြားကြက်ခြံများမှကြက်များ တပြိုင်နက်သေဆုံးရာမှ ကျွေးသောအစာ(မြေပဲပါဝင်သောအစာ)မှ အဆိပ်သင့်မှုဖြစ်ကြောင်းခြေရာခံ မိပြီး နောက်ပိုင်းတွင် ထိုအစာများတွင် အဆိပ်ဖြစ်ပေါ်ခြင်းမှာ အဖ်လာတော်ဆင် (Aflatoxin) ကြောင့် ဖြစ်ကြောင်း သိရှိနိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံတွင်၁၉၇၄ခုနှစ်တွင်လူပေါင်း (၄၀၀) ခန့်သည်အဖ်လာတော်ဆင်(Aflatoxin) ပါဝင် သော ပြောင်းများကို စားသုံးပြီးနောက် အသည်းရောင် အသားဝါဖြစ်ကာ ဖျားနာမှုဖြစ်ပွားခဲ့ပြီးလူပေါင်း (၁၀၀) ကျော်သေဆုံးခဲ့သည်။ ကင်ညာနိုင်ငံတွင်လည်း၂၀၀၄ခုနှစ်၌အလားတူဖြစ်ရပ်မျိုးလူပေါင်း (၃၁၇) တွင်ဖြစ်ပွားရာ (၁၂၅) ယောက်အသက်ဆုံးရှုံးခဲ့သည်။
စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းခတ်အမွှေးအကြိုင် များနှင့် အခွံမာအသီး၏ အဆံများမှထုတ်လုပ်သော အစားအစာပစ္စည်းများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်နိုင်လေသည်။သင့်လျော်သော သိုလှောင်မှုအခြေအနေ မရှိသော နှမ်း၊ နေကြာ၊ ပြောင်း၊ မြေပဲ၊ငရုတ်၊ ဂျုံ၊ပဲပုပ်၊ငရုတ်ကောင်း၊အသီးခြောက်များ၊ဝါစေ့၊ ကွမ်းသီး၊ ပဲအမျိုးမျိုး၊ သဖန်းသီး၊ သလဲသီး၊ ပီလောပီနံနှင့် အဆံပါသောအသီးများ စသည်တို့တွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်နိုင်သည်။ နို့၊ချီးစ်နှင့် အခြားသော နို့ထွက်ပစ္စည်းများသည်လည်း အဖ်လာတော်ဆင်(Aflatoxin) ပါဝင်နိုင်မှု အန္တရာယ် မြင့်မား သည်။ ကမ္ဘာကြီး၏ ပူနွေးသောဒေသများမှ ကုန်ပစ္စည်းများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်မှု အမြင့်မားဆုံးကို တွေ့ရပြီး ရာသီဥတုပြောင်းလဲမှုနှင့် လွန်စွာဆက်စပ်လျှက်ရှိသည်။
အစားအစာထုတ်လုပ်သော မူလကုန်ပစ္စည်းများတွင် အဖ်လာတော်ဆင်(Aflatoxin) ထုတ်သော မှိုများပါဝင်မှုရှိပါက အဖ်လာတော်ဆင်(Aflatoxin)သည် ဆက်လက်တည်မြဲနေပြီး ၎င်းမှ ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများတွင် အဖ်လာတော်ဆင်(Aflatoxin) ပါဝင်နိုင်သောကြောင့် သတိထားသင့်ပေသည်။ ဥပမာအားဖြင့်မြေပဲထောပတ်တွင်ဤပြဿနာကိုတွေ့ရှိနိုင်သည်။
အန္တရာယ်ဖြစ်စေရန်လုံလောက်သော မြင့်မားသည့် အဖ်လာတော်ဆင်(Aflatoxin) ပမာဏ ရရှိပါက အော့အန်ခြင်း၊ဗိုက်အောင့်ခြင်း၊အဆုတ်ထဲရေဝင်ခြင်း စသည်တို့ လတ်တလောခံစားရတတ် သည်။ ရေရှည်တွင်အကြောဆွဲ၍ ခန္ဓာကိုယ်တုန်တက်ခြင်း၊ မေ့မြောခြင်း၊ ကင်ဆာဖြစ်ခြင်း၊ မျိုးရိုးဗီဇပြောင်း လဲ ခြင်းနှင့် အသက်ဆုံးသည်အထိအန္တရာယ်ဖြစ်စေနိုင်သည်။ အသည်းကိုထိခိုက်ပျက်ဆီးမှု အများဆုံး
ဖြစ်စေနိုင်ပြီး အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်သည့် အဆုတ်၊ကျောက်ကပ်၊ ဦးနှောက်နှင့်နှလုံးတို့ တွင်လည်း အဖ်လာတော်ဆင်(Aflatoxin) ပမာဏပါဝင်မှုမြင့်မားပြီး တစ်ခုခြင်းပျက်စီးသည်ကိုတွေ့ ရပါသည်။
အဖ်လာတော်ဆင်(Aflatoxin) ထုတ်သော မှိုတစ်မျိုးဖြစ်သည့် Aspergillus flavus သည် ခြောက်သွေ့သောရာသီဥတုအခြေအနေတွင် စိုက်ပျိုးထားသော မြေပဲတွင် အဆိုပါမှိုကျရောက်မှုကို အားပေး တတ်ပြီး ပြောင်းစိုက်ခင်းတွင် အင်းဆက်ပိုးတို့ကျရောက်ဖျက်ဆီးပါက Aspergillus flavus မှို ပိုမိုကျရောက်နိုင်လေသည်။သီးနှံများသိုလှောင်ရာတွင် အပူချိန်၁၃-၃၇ ဒီဂရီစင်တီဂရိတ်နှင့် အစိုဓါတ် (approximate minimum Aw 0.82) အနည်းဆုံးဝ.၈၂ရရှိလျှင်ပင် Aspergillus flavus ပေါက်ပွား တတ်ပြီး အဖ်လာတော်ဆင်(Aflatoxin) ထုတ်လုပ်နိုင်လေသည်။
သိုလှောင်ထားသောသီးနှံများ တွင် မှိုများပေါက်ပွားမှုနှင့် အဖ်လာတော်ဆင်(Aflatoxin) ထုတ်လုပ်မှုသည်လည်း အရေးကြီးသည်။ အထူးသဖြင့်သိုလှောင်သောသီးနှံသည် လုံလောက်သော ခြောက်သွေ့မှု မရရှိခြင်း၊ အင်းဆက်ဖျက်ပိုးများကျရောက်မှု ရှိခြင်း တို့ကြောင့် မှိုများပေါက်ပွား ပျံ့နှံ့စေသည်။
အဖ်လာတော်ဆင်(Aflatoxin)သည် ပြိုကွဲရန်မလွယ်ကူသည့် တည်မြဲနေနိုင်သော ဓါတ်ပေါင်းများ ဖြစ်သည်။ မြင့်မားသောအပူချိန်တွင်ပင် တည်မြဲနေနိုင်ပြီး အနည်းငယ်သာပြိုကွဲနိုင်သည်။ သို့သော်လည်း အပူပေးခြင်းနှင့်ချက်ပြုတ်ခြင်းတို့ကြောင့် အဖ်လာတော်ဆင်(Aflatoxin)ပါဝင်မှုအားလုံး ပြိုကွဲပျက်ဆီးမှု မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် ကော်ဖီစေ့အား အပူချိန်၁၈၀ဒီဂရီစင်တီဂရိတ်တွင် ၁၀မိနစ်အပူပေးရာ အဖ်လာတော်ဆင်(AflatoxinB1) ပါဝင်မှု၅၀ရာခိုင်နှုန်းသာ လျော့ကျသွားသည်။
ပဲများ၊အစေ့အဆံများအား အပူချိန် ၁၀၀နှင့်၁၅၀ဒီဂရီစင်တီဂရိတ်တွင် ၉၀မိနစ် အပူပေးရာ အဖ်လာတော်ဆင်(Aflatoxin B1)ပါဝင်မှု ၄၁.၉ရာခိုင်နှုန်းနှင့် ၈၁.၂ရာခိုင်နှုန်း အထိ လျော့ကျ စေကြောင်း စမ်းသပ်တွေ့ရှိရသည်။ သို့သော်ထိုသို့အပူချိန်ကြာမြင့်စွာပေးခြင်းသည် ပဲများအစေ့အဆံများ တွင် ပါဝင်သော အဟာရဓါတ်များ၊ ဗီတာမင်များကို ပျက်ဆီးစေသည့်အတွက် အပူပေးခြင်းသည် တိကျသော လိုအပ်သောဖြေရှင်းချက်မဟုတ်ပေ။
မြန်မာနိုင်ငံမှ ထုတ်လုပ်သော မြေပဲဆီ၊နှမ်းဆီးများ(ဆုံဆီနှင့်စက်ဆီ)တွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်မှုရှိရခြင်းမှာ ဆီကြိတ်သောဆုံ (သို့) စက်များတွင် မှိုပေါက်ပွားမှုများ ရှိနိုင်သလို မြေပဲ၊နှမ်းတို့တွင်လည်း ထိုမှိုများ ပါဝင်နေမှုတို့ကြောင့်ဖြစ်နိုင်သည်။
ငရုတ်သီးမှုန့်ပြုလုပ်ရန် ငရုတ်သီးများသိုလှောင်ရာတွင် အစိုဓါတ်ကို အတတ် နိုင်ဆုံး လျော့ချရန် ဖြစ်သော်လည်း၊ ခြောက်သွားပါက သယ်ယူပို့ဆောင်ရာတွင် အသီးများ ကွဲအက်ကာ အစေ့များထွက်ကျ ကုန်သဖြင့် အလေးချိန်လျော့သွားခြင်း၊ အစိုဓါတ်မရှိသဖြင့် အလေးချိန်လျော့သွားခြင်း စသည်တို့ မဖြစ်စေရန်အတွက် အစိုဓါတ်ကိုလိုအပ်သလောက် မလျော့ခြင်းများကြောင့် မှိုပေါက်ပွားမှုကို အားပေး စေသည်။၎င်းမှိုများပါဝင်သောငရုတ်သီးများကို အမှုန့်ကြိတ်ပါက အဖ်လာတော်ဆင်(Aflatoxin) ပါဝင်မှု ရှိမည်ဖြစ်သည်။
အဖ်လာတော်ဆင်(Aflatoxin) ပါဝင်မှုကိုTLC (Thin layer chromatography), HPLC (High Performance Liquid Chromatography)နှင့် ELISA (Enzyme-Linked Immunosorbent Assay) စသောခေတ်မီနည်းပညာများဖြင့် စမ်းသပ်စစ်ဆေးနိုင်သည်။ သို့သော် သီးနှံအစုအပုံများ၌ မှိုနှင့် အဖ်လာတော်ဆင်(Aflatoxin)ပါဝင်မှုကို စမ်းသပ်ရာတွင် လုံလောက်သောနမူနာနှင့် ကိုယ်စားပြု နမူနာ ဖြစ်ရန် လိုအပ်သည်။
အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေး (FDA) မှအစားအစာများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်မှု သတ်မှတ်ထားသော နှုန်းထားမှာ သန်း ၁၀၀၀ လျှင်၂၀ (20 ppb) အထိသာ ပါဝင်ရမည်ဖြစ်သည်။ တိရစ္ဆာန်အစားအစာများတွင်မူ သန်း ၁၀၀၀ လျှင် ၃၀၀ (300 ppb) အထိခွင့်ပြုထားသည်။
ဥရောပသမဂ္ဂနိုင်ငံများတွင် အစားအစာ၌ အမြင့်ဆုံးပါဝင်နိုင်မှု ကန့်သတ်ထားသောနှုန်းထားမှာ သန်း၁၀၀၀ လျှင် ၄ - ၁၅ (4 to 15 ppb) ဖြစ်သည်။
မရိတ်သိမ်းမီစိုက်ခင်း၌ ပင်အဖ်လာတော်ဆင်(Aflatoxin)ပါဝင်မှုကို ထိန်းချုပ်ကာကွယ်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ကောင်းမွန်သော စိုက်ပျိုးရေးနည်းလမ်းကောင်းများ Good Agricultural Practice (GAP) ကို လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် အဖ်လာတော်ဆင်(Aflatoxin) ထုတ်လုပ်နိုင်သော မှိုပေါက်ပွားမှု၊ ပါဝင်မှုကို ထိန်းချုပ်ကာကွယ်နိုင်ပါသည်။
- စိုက်ခင်းမြေကို ကောင်းစွာပြုပြင်ပါ။
- သီးနှံ ပင်ကြွင်း ပင်ကျန်များကို ဖျက်ဆီးပစ်ပါ။
- သီးနှံများ အဟာရဓါတ်အပြည့်အစုံရအောင် မြေသြဇာကို လိုအပ်သလိုသုံးပါ။
- သီးနှံများကို အလှည့်ကျ စိုက်ပျိုးပါ။
- မှိုနှင့်အင်းဆက်ဖျက်ပိုးများ ခံနိုင်ရည်ရှိသော မျိုးများသုံးစွဲပါ။
- မျိုးစေ့ကို ဟိုမိုင်း၊ကာဗင်ဒါဇင်၊ဘီနိုမိုင်း စသော ဆေးတို့ဖြင့် လူးနယ်စိုက်ပျိုးပါ။
- အင်းဆက်ဖျက်ပိုးများကို နှိမ်နင်းပါ။
- ရောဂါကျရောက်မှုကို နှိမ်နင်းပါ။
- ခြောက်သွေ့မှု မရှိစေရန် ရေသွင်းဆောင်ရွက်ပါ။
- သီးနှံရင့်မှည့်မှု အဆင့်မှန်ကန်သော အချိန်နှင့် မှန်ကန်သင့်လျော်သော အစိုဓါတ်ရှိချိန်တွင် ခူးဆွတ် ရိတ်သိမ်းပါ။
ရိတ်သိမ်းချိန်နောက်ပိုင်းနှင့် သိုလှောင်ချိန်တွင် အရေးအကြီးဆုံးနှင့် ထိရောက်သော ကာကွယ်နည်းမှာ အစိုဓါတ်ပါဝင်မှုကို ထိန်းချုပ်သောနည်းဖြစ်သည်။
အစိုဓါတ်သင့်လျော်သောအချိန်တွင် ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းပြီးသီးနှံများအား သိုလှောင်ရာတွင် သတ်မှတ်ထားသော အစိုဓါတ်ရရှိအောင် ဆောင်ရွက်ခြင်းသည် မှိုများပေါက်ပွားမှုနှင့် အဖ်လာတော်ဆင် (Aflatoxin)ထုတ်လုပ်မှုကို တားဆီးပေးရာတွင် အလွန်အရေးပါသည်။ သိုလှောင်ရာ၌ ပြောင်းသီးနှံ အတွက် ၂၀ ဒီဂရီစင်တီဂရိတ်တွင် လုံခြုံစိတ်ချရသော အစိုဓါတ်သည် ၁၄ ရာခိုင်နှုန်း ဖြစ်သော်လည်း မြေပဲ အတွက်မူကား ၇ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ထိုအစိုဓါတ်ကို သိုလှောင်ရာနှင့် သယ်ယူပို့ဆောင်ရာတွင် ထိန်းသိမ်းထားရှိရန် လိုအပ်သည်။
အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အောက်တွင်Aspergillus flavus မှိုပေါက်ပွားမှု နှေးကွေးသွားပြီး ၃၇ ဒီဂရီစင်တီဂရိတ်တွင် ပေါက်ပွားမှု အမြန်ဆုံးဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် မြေပဲများတွင် အဖ်လာတော်ဆင်(Aflatoxin) ပါဝင်မှုကို သန်း၁၀၀၀လျှင် ၂၀(20 ppb) အထိသာ ခွင့်ပြုပြီး စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ သီးနှံ ကာကွယ်ရေးဓါတ်ခွဲခန်းမှ စစ်ဆေးမှုများပြုလုပ်ကာ လက်မှတ်များ ထုတ်ပေးလျှက်ရှိသည်။
ဘေးကင်းလုံခြုံစိတ်ချရသော အစားအစာအတွက် အဖ်လာတော်ဆင် (Aflatoxin) ပါဝင်မှုကို တရားဝင် အတည်ပြုပြဌာန်းထားခြင်း မရှိသေးသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရောင်းချသော အစား အစာများတွင် အဖ်လာတော်ဆင်(Aflatoxin) ပါဝင်မှုသည် လွန်စွာနည်းပါးသည်။
အစားအစာများတွင် အဖ်လာတော်ဆင်(Aflatoxin)ပါဝင်မှုကို သာမာန် မျက်စိဖြင့် ခွဲခြား နိုင်ခြင်း မရှိသဖြင့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းမှာ အစားအစာများကို သေချာစွာ စစ်ဆေးပြီး မှိုတက်သော အသီးအနှံနှင့် အစားအစာများကို စားသုံးခြင်းမပြုဘဲ စွန့်ပစ်ခြင်းပင်ဖြစ်ပေသည်။
(((စိုက်ပျိုးရေးဦးစီးဌာန၊သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပြန်သည်။)))
Wednesday, January 18, 2017
ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ
MAPCO ကုမ္ပဏီ၏ အဆင့်မြင့်ဆန်စက်အား ကြည့်ရှုစစ်ဆေးအားပေး
ဒုတိယသမ္မတ-၂
ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊
ဒုတိယဝန်ကြီးများ သည် ဇန်နဝါရီလ(၁၈)ရက် နေ့လည်(၁၂)နာရီ က နေပြည်တော် ပျဉ်းမနား မယ်ဇလီကုန်းကျေးရွာအနီးရှိ MAPCO ကုမ္ပဏီ၏ အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိကြပြီး ဆန်ကြိတ်ခွဲနေမှု၊ သိုလှောင်ထိန်းသိမ်းထားရှိမှု နှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ကြည့်ရှုစစ်ဆေးအားပေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။
ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ
တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံ သုတေသနလုပ်ငန်းများနှင့်
မျိုးသန့်မျိုးပွားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးအားပေး
ဒုတိယသမ္မတ-၂
ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊
ဒုတိယဝန်ကြီးများ သည် ဇန်နဝါရီလ(၁၈)ရက်နံနက်(၁၁)နာရီက တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိကြ
ပြီး
သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများနှင့်
မျိုးသန့်မျိုးပွားထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး အားပေးရာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း၊
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က
ရှင်းလင်းပြသခဲ့သည်။
ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ
စီပင်စိုက်ပျိုးရေး
သုတေသနခြံ သုတေသနလုပ်ငန်းများနှင့်
မျိုးသန့်မျိုးပွားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးအားပေး
ဒုတိယသမ္မတ-၂
ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊
ဒုတိယဝန်ကြီးများ သည် ဇန်နဝါရီလ(၁၈)ရက် နံနက်(၁၀)နာရီက
ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေး သုတေသနခြံ သို့ ရောက်ရှိကြပြီး သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မျိုးသန့်မျိုးပွားထုတ်လုပ်မှုလုပ်ငန်းများ ကို
ကြည့်ရှုစစ်ဆေးအားပေးရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က ရှင်းလင်းပြသခဲ့သည်။
ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ
ရမည်းသင်းမြို့နယ် ရတနာစပျစ်စိုက် တောင်သူများနှင့်တွေ့ဆုံ
ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများ သည် ဇန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းက ရမည်းသင်းမြို့နယ် ရတနာစပျစ်စိုက်ပျိုးရေးခြံသို့ရောက်ရှိကြပြီး စပျစ်စိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးစကားပြောကြားပြီး စပျစ်စိုက်ခင်းများကို ကြည့်ရှု အားပေး ခဲ့သည်။
Tuesday, January 17, 2017
မြန်မာနိုင်ငံ သကြားထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် သည်
ဇန်နဝါရီလ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ သကြားထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုး
တိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
ဆောင်းသီးနှံ နှင့် နွေသီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးနှင့် သီးနှံအရည်အသွေး
မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တို့တွင် အမှာစကားပြောကြား။
ဆောင်းသီးနှံ နှင့် နွေသီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးနှင့် သီးနှံအရည်အသွေး
မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တို့တွင် အမှာစကားပြောကြား။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ၁၆-၁-၂၀၁၇နေ့ နံနက်(၁၀)နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင်ကျင်းပပြုလုပ် သည့် ဆောင်းသီးနှံ နှင့် နွေသီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးနှင့် သီးနှံအရည်အသွေးမြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ပြီး အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အပင်မျိုးသစ်အကာအကွယ်ပေးရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဇန်နဝါရီလ(၁၆)ရက် နံနက်(၉)နာရီအချိန်က ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံ Naktuinbouw Variety Testing Department နှင့် Wageningen University တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အပင်မျိုးသစ်အကာအကွယ်ပေးရေးဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားသည်။
ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးနိုင်သောမြေဧရိယာနှင့် အခြားသော ပတ်ဝန်းကျင် သဘာဝအရင်းအမြစ်များရှားပါးလာခြင်းနှင့်အတူ ရာသီဥတုဖောက်ပြန်ပြောင်းလဲ ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေကြရလျက်ရှိရာ ကုန်ကျစရိတ်သက်သာစွာဖြင့် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်နိုင်မည့် နည်းလမ်းကောင်းများအနက်မှ အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်း၊ပိုးမွှားရောဂါနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အပင်မျိုးသစ်များမွေးမြူသည့်နည်းလမ်း ကို အသုံးပြုခြင်းဖြင့် ကမ္ဘာ့ဈေးကွက်တွင် သီးနှံများ၏ ဈေးကွက်နှင့် တန်ဖိုးကို မြှင့်တင်ပေး နိုင်ရုံမျှမက သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကိုပါ ထိန်းသိမ်းပေးနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း စားနပ်ရိက္ခာထုတ်လုပ်မှုတိုးတက်စေရေး နှင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့်လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပင်မျိုးသစ် မွေးမြူခြင်းနှင့် အပင်မျိုးသစ်များရှာဖွေအသုံးပြုခြင်း နည်းပညာများကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများစစ်ဆေးကြည့်ရှု
ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူနှင့်အဖွဲ့သည် 14-1-2017နေ့ညနေပိုင်းတွင် လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန သို့ရောက်ရှိကြပြီး ဓါတ်ခွဲခန်းများ၊ မျိုးစပ်မျိုးပွား လုပ်ငန်းဆောင်ရွက်နေမှုများ၊ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ အပင်တစ်သျူးဓါတ်ခွဲခြင်း လုပ်ငန်းများ၊ မြေဆီလွှာဓါတ်ခွဲခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေးကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဌာနမှူး ဦးမျိုးဝင်း တို့က ရှင်းလင်းပြသကြ သည်။
အပင်ဇီဝနည်းပညာဗဟိုဌာန သို့ရောက်ရှိစစ်ဆေး
ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ သည် ဇန်နဝါရီလ(၁၄)ရက်နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ အပင်ဇီဝနည်းပညာဗဟိုဌာန သို့ရောက်ရှိပြီး သုတေသနလုပ် ငန်းဆောင်ရွက်နေမှုများ၊ သီးနှံမျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေမှုများ၊ သီးနှံများ ၏မျိုးရိုးဗီဇ စစ်ဆေးခြင်းလုပ်ငန်းများ၊ပို့ကုန် သွင်းကုန်သီးနှံများဆိုင်ရာ စိစစ်ထောက်ခံချက်များ ထုတ်ပေး နေမှု၊ဆန်အရည်အသွေး စစ်ဆေးပေးနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဌာနမှူး ဒေါက်တာပပအောင် တို့က ရှင်းလင်းပြသကြသည်။
ကနဦး ပေးသွင်းငွေ အဖြစ် စက်၏တန်ဘိုး ၁၀% ကိုသာပေးသွင်း၍ အရစ်ကျပေးသွင်းဝယ်ယူနိုင်မည့်
လယ်ယာသုံး စက်ကိရိယာ များကြည့်ရှုစစ်ဆေး
လယ်ယာသုံး စက်ကိရိယာ များကြည့်ရှုစစ်ဆေး
လယ်ယာလုပ်ငန်းခွင် လေလွင့်ဆုံးရှုံးမှုနှင့် ထုတ်လုပ်စရိတ်လျော့ချနိုင်ပြီး တောင်သူများ ဝင်ငွေတိုးတက်ရရှိနိုင်စေရန်၊ တောင်သူလယ်သမားများ စက်မှုလယ်ယာစနစ်ကို လက်တွေ့ ပြောင်းလဲ ကျင့်သုံးလာနိုင်စေရန်၊လယ်ယာသုံးစက်ကိရိယာများဝယ်ယူရာတွင် ကနဦး ပေးသွင်းငွေ အဖြစ် စက်၏တန်ဘိုး ၁၀% ကိုသာပေးသွင်း၍ စက်များရယူသုံးစွဲပြီး အလုပ်အကိုင် ဝင်ငွေ ရှာဖွေကာ အရစ်ကျပေးသွင်းခြင်းဖြင့် တန်ဘိုးမြင့်စက်များ ပိုင်ဆိုင်အသုံးပြု နိုင်ကြစေရန် ရည်ရွယ်ရောင်းချပေးမည့် လယ်ယာသုံးစက် ကိရိယာများသည် ဇန်နဝါရီလ (၁၄)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ကျိုက်ကလို့ အမှတ်(၁) ပင်မစက်ပြင် အလုပ်ရုံသို့ ရောက်ရှိနေမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးအားပေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က လယ်ယာသုံး စက်ကိရိယာ များ၊ Sonalika ဆိုနာလီကာထွန်စက်ကြီးများ အပါအဝင် ချင်းပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့၊ ရှမ်းတောင် ဒေသများတွင် ကုန်းမြင့်လယ်ယာများ ဖော်ထုတ်ဆောင်ရွက်ပေးရန် မြေတူးစက်ကြီး (၈)စီး ရောက်ရှိ နေမှုများကို ရှင်းလင်းပြသသည်။
ရတနာပူရ မြန်မာ့လက်မှု အနုပညာပြခန်းပန်း(၁၀)မျိုးအတတ်ပညာထုတ်ကုန်များကို ကြည့်ရှုစစ်ဆေး
ပြခန်းအတွင်းပြသထားသော သမဝါယမအသင်းများမှ ထုတ်လုပ်သည့် ပန်းပုအနုပညာပစ္စည်းများ နှင့် ပန်း(၁၀)မျိုးအတတ်ပညာထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများထံ
အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲ အခမ်းအနားများကျင်းပ
13-1-2017 နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသော
သမဝါယမအသင်းသားများအား အသေးစား အရင်းအနှီး ချေးငွေပေးအပ်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာ များ ပေးအပ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တို့တက်ရောက်ကြပြီး အဖွင့်အမှာစကား ပြောကြားသည်။
သမဝါယမအသင်းသားများအား အသေးစား အရင်းအနှီး ချေးငွေပေးအပ်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာ များ ပေးအပ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တို့တက်ရောက်ကြပြီး အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၄)မြို့နယ် မှ ကျေးရွာ သမဝါယမ အသင်း (၄၆၉၆)သင်း အသင်းသား(၃၇၇၇၇၁)ဦးတို့သို့ အသေးစားအရင်းအနှီးချေးငွေ ကျပ်(၆၉၃၃၀) သန်းနှင့် လယ်ယာသုံး စက်ကိရိယာ (၄၅၉)ခုအတွက် တန်ဖိုး (၂၉၅၆)ကျပ်သန်း၊ စုစုပေါင်းတန်ဖိုး (၇၂၂၈၆)ကျပ်သန်းကို ထုတ်ချေးပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများထံ အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲ အခမ်းအနားများကျင်းပ
ဇန်နဝါရီလ - ၁၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်ကြီး မြို့နယ်တွင် ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း သားများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ပွဲအခမ်းအနား သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ သမဝါယမအသင်းစုချုပ် ဥက္ကဌများနှင့် အသင်းသား အသင်းသူများ၊ လယ်ယာသုံးစက်ကိရိယာများရောင်းချသည့် ကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၄)မြို့နယ်၊ကျေးရွာ/သမဝါယမ အသင်း (၃၄၅၆)သင်းမှ အသင်းသား(၄၁၀၅၁၆)ဦးသို့ အသေးစားအရင်းအနှီးချေးငွေ ကျပ်(၆၉၄၂၈) သန်းနှင့် လယ်ယာသုံး စက်ကိရိယာ (၁၁၄)ခု အတွက် တန်ဖိုး (၃၃၁၅)ကျပ်သန်း၊ စုစုပေါင်း တန်ဖိုး (၇၂၇၄၃)ကျပ်သန်း ကို ထုတ်ချေးပေးခဲ့သည်။
Subscribe to:
Posts (Atom)