Saturday, February 25, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ  
မဇင်းရေလှောင်တမံသို့ ရောက် ရှိကြည့်ရှုစစ်ဆေး

   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင် ၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် တို့နှင့်အတူ ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏အနောက် ဘက်ရှိ မဇင်းရေလှောင်တမံသို့ ရောက် ရှိကြပြီး တမံအတွင်းရေသိုလှောင်ထိန်းသိမ်းထားနိုင်မှု၊ ဒေသသောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေနိုင်မှု ၊ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ပဲခူးမြို့ပတ်ဝန်းကျင် တွင် မိုးတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
    မဇင်းရေလှောင်တမံကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏အနောက်ဘက် ကပ်လျက်စီးဆင်း နေသော မဇင်းချောင်းနှင့် ကြက်သောင်းချောင်းတို့ဆုံရာအထက်တွင် တည်ဆောက်ထားပြီး တမံအမြင့်(၆၀)ပေ၊ တမံအလျား(၄၁၀၀)ပေရှိ မြေသားတမံအမျိုးအစားဖြစ်ကာ အကျယ် (၄ပေx၆ပေ) ၊ အရှည် ပေ(၁၇၀)ရှိ သံကူကွန်ကရစ် အမျိုးအစားရေထုတ်ပြွန်တစ်ခုပါရှိသည်။ ကန်ရေပြည့်ရေလှောင်ပမာဏ(၂၆၁၈၆)ဧကပေ ရှိပြီး ၊ အကျယ် ပေ(၃၀) အလျား(၂၈၅)ပေရှိ ရေပိုလွှဲတပ်ဆင်ထားသည်။တူးမြောင်းမကြီး(၁)ခု ၊ လက်တံမြောင်း(၁၆)ခုတို့မှ စိုက်ပျိုးရေ နှင့် ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ သောက်သုံးရေများဖြန့်
 ဝေပေးလျက်ရှိကြောင်း သတင်း ရရှိသည်။




ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲကို ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်မှု အစီအစီအရ JICA ၏ အထောက်အပံ့ဖြင့် ၁၉၈၈ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန မှ ဝန်ထမ်းများ ခေတ်နှင့်အညီတိုးတက်သောနည်းပညာများ လေ့လာနိုင်ခြင်းဖြင့် နည်းပညာအဆင့်အတန်းမြင့်မားလာစေရန် နှင့် ရေအသုံးပြုသူတောင်သူ လယ်သမားများအထိ နည်းပညာဖြန့်ဖြူးပေးရန် ၊ အခြေခံအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတများ ပြန့်ပွားစေရန်တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
     နည်းပညာ အထောက်အပံ့အနေဖြင့်လည်း ဂျပန်နိုင်ငံမှ ကာလတို၊ ကာလရှည် ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ နည်းပညာပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နယ်သာလန် နိုင်ငံတို့မှ အဖွဲ့အစည်းများနှင့် အခါအားလျော်စွာ နည်းပညာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
    ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲအနေဖြင့် ၁၉၈၉ခုနှစ်မှ ၂၀၁၇ခုနှစ် မတ်လ အထိ ဆည်ရေစီမံခန့်ခွဲမှုသင်တန်း (၁၁၈)ကြိမ်တွင် သင်တန်းသား(၄၉၅၂)ဦးကို ပို့ချ ပေးနိုင်ခဲ့ပြီး၊ ဌာနတွင်းသင်တန်း(၃၀၇)ကြိမ်မှ သင်တန်းသား(၁၀၃၅၈)ဦးကို ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်များ ပို့ချပေးနိုင်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ 
ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ပို့ချပေးနေမှုများ ကို ကြည့်ရှု စစ်ဆေး  

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် တို့နှင့်အတူ ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့၊ ဥဿာ မြို့သစ်ရှိ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ပို့ချပေးနေမှုများ ကို ကြည့်ရှု စစ်ဆေး အားပေးသည်။


Monday, February 13, 2017


            ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
     ဂျပန်နိုင်ငံ JDS ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍
လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး
                            ဆွေးနွေး။ 
     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ တာဝန်ရှိ သူများနှင့်အတူ ဖေဖော်ဝါရီလ
(၁၃)ရက် နံနက်(၁၀)နာရီအချိန်က ဂျပန်နိုင်ငံ  Japan Development Service Co.Ltd., (JDS) မှ  Mr. Yoichi KOGURE  ဦးဆောင်သော အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ လယ်ယာ ကဏ္ဍဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးသည်။