၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ (၆)နှစ်တာ ကာလ အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် အလှူရှင်များ၏ လှူဒါန်းမှု တို့ဖြင့် နို့ပေါင်းစပ်အခြေပြု နို့တိုက်ကျွေးရေးအစီအစဉ်ကိုဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ် များမှ ကျောင်းပေါင်း(၇၄၀၇)ကျောင်း ၊ ကျောင်းသား/သူပေါင်း(၁၄၄၈၂၀၂)ဦး တို့အား နို့တိုက်ကျွေးနိုင်ခဲ့ပြီးဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံအခြေစိုက် TERTA LAVAL ကုမ္ပဏီတို့ပူးပေါင်း၍ မူလတန်းအရွယ် ကလေးများအား နို့တိုက်ကျွေးရေးအစီအစဉ် ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန် လွှာကို ၂၀၁၃ ခုနှစ်မှ စ၍ (၃)နှစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဆက်လက် နို့တိုက်ကျွေးသွားနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာအား သက်တမ်းတိုး ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါစီမံကိန်းအား နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စီမံကိန်းတွင်ပါဝင်သော ကျောင်းများတွင် မူလတန်းကျောင်းသား/ကျောင်းသူ (၂၆၀၀၀)ဦး တို့အား တစ်ရက်လျှင် နို့ဗူး(၂၆၀၀၀)ဖြင့် တစ်ပတ်လျှင် (၃)ရက် တိုက်ကျွေးသွားမည် ဖြစ်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် နက်စ်လေမြန်မာလီမိတက်တို့ ပူးပေါင်း၍ ကျောင်းများတွင် မိုင်လိုဖြင့် နို့တိုက်ကျွေးသည့် အစီအစဉ်အား ၂၀၁၃ ခုနှစ်မှစတင်၍ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင်လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း(၅၁၀)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း(၁၉၀)တို့မှ ကျောင်းသား/သူပေါင်း(၁သိန်း)ကျော်တို့အား ဆက်လက် တိုက်ကျွေးသွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment