Tuesday, August 15, 2017



 ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ ျပန္လည္သုံးသပ္မွု အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပ

ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ ျပန္လည္သုံးသပ္မွု အလုပ္႐ုံေဆြးေႏြးပြဲ အခမ္းအနားကို ၾသဂုတ္လ(၁၅)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က ေနျပည္ေတာ္ဟိုတယ္ဇုံရွိ Hilton Hotel ၌ က်င္းပျပဳလုပ္ရာ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူ ၊ အျမဲတမ္းအတြင္းဝန္ ေဒါက္တာခင္ေဇာ္၊ ညႊန္ၾကားေရးမွူးခ်ဳပ္မ်ား၊ World Bank မွ Senior Agricultural Economist ျဖစ္သူ Dr. Sergiy Zorya ဦးေဆာင္သည့္ စီးပြားေရးပညာရွင္မ်ား၊ LIFT Fund မွ Fund Director ျဖစ္သူ Ms. Katy Webley ႏွင့္ Programme Coordinator ျဖစ္သူ Mr. Maurice Schill ႏွင့္ မိတ္ဘက္အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား စုံညီစြာ တက္ေရာက္ၾကသည္။
အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး က အဖြင့္အမွာစကားေျပာၾကားၿပီး ထို႔ေနာက္ World Bank မွ Senior Agricultural Economist ျဖစ္သူ Dr. Sergiy Zorya ႏွင့္ LIFT Fund မွ Fund Director ျဖစ္သူ Ms. Katy Webley တို႔က စိုက္ပ်ိဳးေရး ဆိုင္ရာ ဘ႑ာေငြေၾကးသုံးစြဲမွုဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားသည္။
ယေန႔က်င္းပျပဳလုပ္ေသာ ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ ျပန္လည္သုံးသပ္မွု အလုပ္႐ုံေဆြးေႏြးပြဲ တြင္ ၂၀၀၉-၂၀၁၀ဘ႑ာႏွစ္မွ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ျမန္မာနိုင္ငံ စိုက္ပ်ိဳးေရး ဆိုင္ရာအမ်ားျပည္သူမ်ား၏အသုံးစရိတ္မ်ားကို ျပန္လည္သုံးသပ္ေဆြးေႏြးျခင္းႏွင့္ ေရွ႕ဆက္ ေဆာင္ရြက္မည့္ ဘ႑ာေငြသုံးစြဲမွုဆိုင္ရာ မူဝါဒမ်ားကိုလည္းေကာင္း ၊ စိုက္ပ်ိဳးေရးဆိုင္ရာ အမ်ားျပည္သူအသုံးစရိတ္ကို နိုင္ငံတကာ ႏွင့္ ႏွိုင္းယွဥ္၍ ေလ့လာဆန္းစစ္ျခင္း၊ ဘတ္ဂ်တ္ေငြေၾကးႏွင့္ စိုက္ပ်ိဳးေရးႏွင့္ဆက္စပ္ ေငြေၾကးမ်ားကို မည္သို႔သုံးစြဲရမည္မ်ားကို တင္သြင္းေဆြးေႏြးျခင္းႏွင့္အတူ အလွူရွင္မ်ား၏ ထည့္ဝင္မွုမ်ားကို စိုက္ပ်ိဳးေရးက႑တြင္ သုံးစြဲမွုမ်ားအား သီးျခားစာရင္းျပဳစုတင္သြင္း နိုင္ေရးကိုလည္းေကာင္း၊ ျမန္မာနိုင္ငံ၏ လယ္ယာက႑ဖြံ့ၿဖိဳးတိုးတက္မွုကို ပူးေပါင္း ေဆာင္ရြက္လ်က္ရွိသည့္ မိတ္ဘက္အဖြဲ႕မ်ား နိုင္ငံတကာမွအေတြ႕ၾကဳံမ်ားႏွင့္ နိုင္းယွဥ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။



မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ အများပြည်သူအသုံးစရိတ် ပြန်လည်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ World Bank မှ Senior Agricultural Economist ဖြစ်သူ Dr. Sergiy Zorya ဦးဆောင်သည့် စီးပွားရေးပညာရှင်များ၊ LIFT Fund မှ Fund Director ဖြစ်သူ Ms. Katy Webley နှင့် Programme Coordinator ဖြစ်သူ Mr. Maurice Schill နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး ထို့နောက် World Bank မှ Senior Agricultural Economist ဖြစ်သူ Dr. Sergiy Zorya နှင့် LIFT Fund မှ Fund Director ဖြစ်သူ Ms. Katy Webley တို့က စိုက်ပျိုးရေး ဆိုင်ရာ ဘဏ္ဍာငွေကြေးသုံးစွဲမှုဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ အများပြည်သူအသုံးစရိတ် ပြန်လည်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲ တွင် ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ဆိုင်ရာအများပြည်သူများ၏အသုံးစရိတ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ မူဝါဒများကိုလည်းကောင်း ၊ စိုက်ပျိုးရေးဆိုင်ရာ အများပြည်သူအသုံးစရိတ်ကို နိုင်ငံတကာ နှင့် နှိုင်းယှဉ်၍ လေ့လာဆန်းစစ်ခြင်း၊ ဘတ်ဂျတ်ငွေကြေးနှင့် စိုက်ပျိုးရေးနှင့်ဆက်စပ် ငွေကြေးများကို မည်သို့သုံးစွဲရမည်များကို တင်သွင်းဆွေးနွေးခြင်းနှင့်အတူ အလှူရှင်များ၏ ထည့်ဝင်မှုများကို စိုက်ပျိုးရေးကဏ္ဍတွင် သုံးစွဲမှုများအား သီးခြားစာရင်းပြုစုတင်သွင်း နိုင်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မိတ်ဘက်အဖွဲ့များ နိုင်ငံတကာမှအတွေ့ကြုံများနှင့် နိုင်းယှဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 



No comments:

Post a Comment