Saturday, February 25, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ 
ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ပို့ချပေးနေမှုများ ကို ကြည့်ရှု စစ်ဆေး  

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် တို့နှင့်အတူ ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့၊ ဥဿာ မြို့သစ်ရှိ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ပို့ချပေးနေမှုများ ကို ကြည့်ရှု စစ်ဆေး အားပေးသည်။


No comments:

Post a Comment