စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ၏ သတင်းအချက်အလက်များ ၊ အမိန့် ကြေငြာချက် နှင့် အသိပေးနှိုးဆော်ချက်များကို အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရန်နှင့် လယ်ယာစီးပွားသတင်း စာစောင် ဖတ်ရှု လေ့လာလိုသူများ အနေဖြင့် အလွယ်တကူ ရှာဖွေရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ {{{ စိုက်ပျိုးရေး- ပြန်ကြားရေးဌာနစိတ် }}}
Saturday, February 25, 2017
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲကို ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်မှု အစီအစီအရ JICA ၏ အထောက်အပံ့ဖြင့် ၁၉၈၈ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန မှ ဝန်ထမ်းများ ခေတ်နှင့်အညီတိုးတက်သောနည်းပညာများ လေ့လာနိုင်ခြင်းဖြင့် နည်းပညာအဆင့်အတန်းမြင့်မားလာစေရန် နှင့် ရေအသုံးပြုသူတောင်သူ လယ်သမားများအထိ နည်းပညာဖြန့်ဖြူးပေးရန် ၊ အခြေခံအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတများ ပြန့်ပွားစေရန်တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
နည်းပညာ အထောက်အပံ့အနေဖြင့်လည်း ဂျပန်နိုင်ငံမှ ကာလတို၊ ကာလရှည် ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ နည်းပညာပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နယ်သာလန် နိုင်ငံတို့မှ အဖွဲ့အစည်းများနှင့် အခါအားလျော်စွာ နည်းပညာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲအနေဖြင့် ၁၉၈၉ခုနှစ်မှ ၂၀၁၇ခုနှစ် မတ်လ အထိ ဆည်ရေစီမံခန့်ခွဲမှုသင်တန်း (၁၁၈)ကြိမ်တွင် သင်တန်းသား(၄၉၅၂)ဦးကို ပို့ချ ပေးနိုင်ခဲ့ပြီး၊ ဌာနတွင်းသင်တန်း(၃၀၇)ကြိမ်မှ သင်တန်းသား(၁၀၃၅၈)ဦးကို ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်များ ပို့ချပေးနိုင်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment