ပန်းခင်းပွဲတော်(၂၀၁၇) ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်
မြေပဒေသာဥယျာဉ်တွင် ကျင်းပမည်။
=====================================
အများပြည်သူများ ပန်းမန်အလှစိုက်ပျိုးခြင်းကို လက်တွေ့လေ့လာနိုင်စေရန်နှင့် စိုက်ပျိုး နည်းပညာရပ်များ ဖြန့်ဝေပေးနိုင်ရန်၊ ဒေသနှင့် ကိုက်ညီသော ပန်းမန်မျိုးသစ်များ အရည်အသွေး ကောင်း မျိုးများကို ပြောင်းလဲ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ မိမိအိမ်ခြံဝင်းအတွင်း ပန်းမန်အလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေနှင့် စိတ်အပန်းဖြေမှု ရရှိစေရန် တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် AGA Agro Co, Ltd. တို့ ပူးပေါင်းကျင်းပမည့် ပန်းခင်းပွဲတော်(၂၀၁၇) ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်အတွင်း ၇ - ၁ -၂၀၁၇ ရက်မှ ၁၂ - ၁-၂၀၁၇ ရက်နေ့ထိ ကျင်းပမည် ဖြစ်သည်။
ပန်းခင်းပွဲတော်တွင် ရာသီပန်းအမျိုးအစား(၂၀)မျိုး၊ ဟင်းခတ်အမွှေး အကြိုင်(၇)မျိုး၊ ဟင်းသီး ဟင်းရွက်မျိုးသစ်(၂)မျိုး နှင့် အပင် နှစ်သောင်းကျော်ရှိ အခြားစိတ်ဝင်စားဘွယ်ရာ သီးနှံမျိုးစုံတို့ကို စိုက်ပျိုးပြသထားမည်ဖြစ်သည်။
ပြပွဲသို့ လာရောက်လေ့လာသော အများပြည်သူများအတွက် မိမိတို့ နှစ်သက်ရာ မျိုးစေ့ ပျိုးပင်၊ စိုက်ပျိုးရေးသုံး ဆေးများ မြေသြဇာများ ပံ့ပိုးပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်စေရန် နှင့် လေ့လာနိုင်ရန်အတွက် ပညာပေးအရောင်းဆိုင်ငယ်များ ဖွင့်လှစ်ထားရှိပေးသွား မည်ဖြစ်ပြီး ပြပွဲ ကာလအတွင်း လာရောက်လေ့လာသူများအား အခြေခံစိုက်ပျိုးနည်း ပညာများ ဆွေးနွေးပြသပေးခြင်း၊ ပန်းအလှထိုးနည်းနှင့် သစ်သီးပုံဖော်နည်းများ သရုပ်ဖော်ပြသခြင်း တို့ကို ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment