Monday, December 26, 2016

               

စိုက်ပျိုးရေးဦးစီးဌာန၏ အဌမအကြိမ် သက်ကြီးပူဇော်ပွဲနှင့်
ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲ ကျင်းပမည်။
    လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျရာအခန်းကဏ္ဍများမှ ဆောင်ရွက်ခဲ့ကြပြီး သက်ပြည့်အငြိမ်းစားရယူသွားသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားကြသူဝန်ထမ်းဟောင်းများ တစ်နေရာတည်းတွင် စုစုစည်းစည်း ပြန်လည်ဆုံတွေ့ကြကာ လူမှုရေး၊ ကျန်းမာရေးများ အားပေးနှစ်သိမ့်ဆွေးနွေးနိုင်ရန်၊ အသက်(၇၅)နှစ် နှင့်အထက် သက်ကြီးဝါကြီး အငြိမ်းစားဝန်ထမ်းဟောင်းကြီးများအား ဂါရဝပြုကန်တော့နိုင်ကြရန်တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ သက်ကြီးပူဇော်ပွဲနှင့်ဝန်ထမ်းဟောင်းများ  တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် အင်းစိန်မြို့နယ် ကြို့ကုန်း၊ မျိုးစေ့ဌာနခွဲ အစည်းအဝေးခန်းမ၌ အဌမအကြိမ်မြောက်ကျင်းပမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပ‌ရေး ကော်မတီမှ သိရှိရသည်။
    ယခုနှစ်ကျင်းပမည့် စိုက်ပျိုးရေးဦးစီးဌာန၏ အဌမအကြိမ် သက်ကြီးပူဇော်ပွဲနှင့် ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲတွင် အသက်(၇၅)နှစ် နှင့်အထက် အငြိမ်းစားဝန်ထမ်း(၁၈၂)ဦး တို့အား ကန်တော့ပူဇော်မည်ဖြစ်ရာ အလှူငွေထည့်ဝင်လိုသူများအနေဖြင့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်နှင့် အင်းစိန်မြို့နယ် ကြို့ကုန်း၊ မျိုးစေ့ဌာနခွဲ ၊ ပိုးမွှားကာကွယ်ရေးဌာန၊ မြေအသုံးချရေးဌာနတို့တွင် ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment