Wednesday, December 21, 2016

အမျိုးသားပို့ကုန်မဟာဗျူဟာNational Export Strategy(NES)
               ဆန်ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အမျိုးသားပို့ကုန်မဟာဗျူဟာ National Export Strategy(NES) ဆန်ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးမြင့်ဦး နှင့် ဒေါ်သူဇာမြင့် ၊ ဌာနတာဝန်ခံများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး၊ ဆန်စပါး၊ ပဲနှင့် ဆီထွက်သီးနှံများ အရည်အသွေးမြင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ဇုံများ ရွေးချယ်သတ်မှတ်၍ ကျွမ်းကျင်ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်ရန်၊ စားသုံးမှု အာဟာရနှင့် အရည်အသွေးပြည့်ဝသည့် ဘေးကင်းလုံခြုံစိတ်ရသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စတင်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများ ရေးဆွဲဆောင်ရွက်ရန်ကိစ္စရပ်များ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ(NES)ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်တွင်း၊ပြည်ပ မှ ပူးပေါင်း ကူညီဆောင်ရွက်မည့် အဖွဲ့ အစည်းများ အား ဖိတ်ခေါ်ဆောင်ရွက်သွားရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



No comments:

Post a Comment