ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၁၉)ရက် ညနေပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ကရက်၏ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာကော်မတီ ဒုတိယဥက္ကဌ H.E Mr. Wang Guosheng ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

No comments:
Post a Comment