Monday, December 26, 2016

 မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့အကြား သဘာဝဘေးအန္တရာယ်လျော့ချရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးပွဲကျင်းပ
       မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့အကြား သဘာဝဘေးအန္တရာယ်လျော့ချရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၆)ရက် ညနေပိုင်း တွင် နေပြည်တော် ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပရာ ဂျပန်နိုင်ငံ မြေယာ၊ ကုန်းလမ်းပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Keiichi ISHII ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ အမြဲတမ်းအတွင်းဝန် များ နှင့် ညွှန်ကြားရေးမှူး ချုပ်များတက်ရောက်ကြသည်။


No comments:

Post a Comment