Saturday, July 1, 2017

             မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက် GEC အသင်းစု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

                  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဇူလိုင်လ ၁ရက်နေ့ နံနက် ၈ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၃၆ တွင် ကျင်းပပြုလုပ်သော မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက် GEC အသင်းစု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး တွင် အမှာစကားပြောကြားသည်။
             မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းစု လီမိတက် GEC ကို ၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင် ခဲ့ပြီး၊ အသင်းစုကြီးကို ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အလုပ်အမှုဆောင်များဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။  အသင်းစုကြီးအနေဖြင့် ရှယ်ယာလက်မှတ်များမှ ရရှိသော အမြတ်ဝေစုများ၊ လုပ်ငန်းများမှ ရရှိသော ဝင်ငွေများ နှင့် ဘဏ်တိုးရရှိငွေ စသည့် ဝင်ငွေများမှ ဝန်ထမ်းသားသမီးများ၏ ပညာသင်စရိတ် ထောက်ပံ့ ပေးခြင်း နှင့် ပညာရည် ထူးချွန်ဆုများ ချီးမြှင့်ပေးခြင်း၊ သာရေး နာရေး ကူညီမှုများ ဆောင်ရွက်ပေးခြင်း တို့အပြင် ရုံးဖွင့်ရက်တိုင်း နေ့လည်စာထမင်းကို ဝန်ထမ်း(၇၀၀) ကျော်အား အခမဲ့ကျွေးမွေးလျက် ရှိကြောင်း သတင်းရရှိသည်။ 





No comments:

Post a Comment