Tuesday, July 4, 2017

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၄) ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms. Tone Tinnes ဦးဆောင်သော နော်ဝေနိုင်ငံ ရေလုပ်ငန်းအထူးပြုကုမ္ပဏီ မှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ မြိတ်ဒေသရှိ ငါးဖမ်းရေလုပ်သားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား နော်ဝေနိုင်ငံ၏ ပင်လယ်ကမ်းဝေးငါးမွေးမြူခြင်း နည်းပညာများဖြန့်ဝေပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ငါးဖမ်းရေလုပ်သားများအား အလုပ်အကိုင်သစ်များ ဖန်တီး ပေးနိုင်မည့် အခြေအနေများ နှင့် ပြည်ပပို့ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment