မကွေးတိုင်းဒေသကြီး အသေးစားအရင်းအနှီးချေးငွေ နှင့်
လယ်သုံးစက်ကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဇူလိုင်လ(၁၅)ရက် နံနက် ၁၀နာရီခွဲအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး အသေးစားအရင်းအနှီးချေးငွေ နှင့် လယ်သုံးစက်ကိရိယာပေးအပ်ပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ စာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့် ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် သမဝါယမအသင်းသားအသင်းသူများ စုံညီစွာတက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တို့က အမှာစကားပြောကြာကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ စာရင်းစစ်ချုပ် နှင့် တိုင်းဒေသကြီး ဝန်ကြီး တို့က အသေးစားအရင်းအနှီးချေးငွေ နှင့် လယ်သုံးစက်ကိရိယာများပေးအပ်ရာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် သမဝါယမအသင်းများမှ တာဝန်ရှိသူများ က လက်ခံရယူကြ သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့ သည် အသင်းသားတောင်သူများအကြိုက် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ကုမ္ပဏီများက ခင်းကျင်းပြသ ထားသော လယ်သုံးစက်ကိရိယာများအာှးည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီး အသေးစားအရင်းအနှီးချေးငွေ နှင့် လယ်သုံးစက်ကိရိယာပေးအပ်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်ရှိ သမဝါယမ အသင်း(၄၈၈၇) သင်းမှ အသင်းသား(၃၆၈၉၂၆)ဦးသို့ အသေးစားအရင်းအနှီးချေးငွေ (၆၉၉၄၇. ၂၄)ကျပ်သန်း၊ လယ်ယာမြေ (၅၆၀၀)ဧက အဆင့်မြှင့်တင်ပြုပြင်ခြင်းအတွက် ပံ့ပိုးချေးငွေ (၁၆၇၂)ကျပ်သန်း၊ လယ်သုံးစက်ကိရိယာစီးရေ(၁၄၅)စီးအတွက် ချေးငွေ(၂၁၄၂. ၁၃)သန်း၊ စုစုပေါင်း ထုတ်ချေးငွေ ( ၇၃၇၆၁. ၃၇)ကျပ်သန်း အား အသင်းသားတောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment