ဘွဲ့လွန်သင်ရိုးဆိုင်ရာ သက်ဆိုင်သူများ ညီလာခံအစီအစဉ်ကျင်းပ
စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီ အသိပညာ နှင့် နည်းပညာများကို အခြေခံပြီး စတင် စိုက်ပျိုးထုတ်လုပ်သည်မှ တင်ပို့ရောင်းချသည်အထိ ထုတ်လုပ်မှု ကွင်းဆက်တလျှောက် လုံးတွင် ခေတ်မီအဆင့်မြင့်နည်းပညာ အသုံးပြုဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင် နိုင်ရေး ပြောင်းလဲလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကိုစိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ၏ ရင်းနှီးမြှုပ်နှံမှု ၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ယနေ့နံနက်(၉)နာရီအချိန်က ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဘွဲ့လွန်သင်ရိုးဆိုင်ရာ သက်ဆိုင်သူများ ညီလာခံအစီအစဉ် အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ဆွေးနွေးပြောကြားသည်။
ဈေးကွက်ယှဉ်ပြိုင်နိုင်သောအသေးစား၊အလတ်စားလုပ်ငန်းများ၊စိုက်ပျိုးရေးထွက်ကုန် အခြေခံစက်ရုံများဖွံ့ဖြိုးလာရေး ၊ လယ်ယာသုံးစက်ကိရိယာများ ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် မျိုးစေ့ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ များ၏ အကျိုးစီးပွားသာမက နိုင်ငံတော်အတွက် လယ်ယာထွက်ကုန် ဈေးကွက်ဖော်ဆောင် နိုင်ရေးကဏ္ဍကိုပါ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri ၊ Advanced Center for Agricultural Research and Education (ACARE) အကြံပေးပုဂ္ဂိုလ် Dr. S.L. Mehta ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးမိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ပညာရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

No comments:
Post a Comment