Wednesday, July 26, 2017

                           မြန်မာ - အစ္စရေး နှစ်နိုင်ငံအကြား
 စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး။

        စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၂၆)ရက် နံနက်(၁၀)နာရီခွဲ အချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Zonshine ၊ အစ္စရေးနိုင်ငံ Hebrew တက္ကသိုလ်မှ ကမ္ဘာ့အသိအမှတ်ပြု စိုက်ပျိုးစီးပွားဘာသာရပ်ပညာရှင် ပါမောက္ခ  Ayal Kimhi နှင့် စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်ပညာရှင် Dr. Avri Bar Zur တို့ ပါဝင်သော အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံ၍ စိုက်ပျိုးရေးပညာရပ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ နှစ်နိုင်ငံအကြား သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။





No comments:

Post a Comment