ပဲခူးတိုင်းဒေသကြီး အသေးစားအရင်းအနှီးချေးငွေ နှင့်
လယ်သုံး စက်ကိရိယာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဇူလိုင်လ (၂၁)ရက် နံနက် ၈နာရီခွဲအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ရုံးတွင် ကျင်းပ ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး အသေးစားအရင်းအနှီးချေးငွေ နှင့် လယ်သုံး စက်ကိရိယာ ပေးအပ်ပွဲ အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ဗဟိုသမဝါယမအသင်းဥက္ကဌ ဦးခင်မောင်အေး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဖြူ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ အလိုက် သမဝါယမ အသင်းသား အသင်းသူများ စုံညီစွာ တက်ရောက်ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး အသေးစားအရင်းအနှီးချေးငွေ နှင့် လယ်သုံး စက်ကိရိယာပေးအပ်ပွဲ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၏ မြို့နယ်(၂၈)မြို့နယ်ရှိ သမဝါယမအသင်း (၆၀၄၇)သင်းမှ အသင်းသား(၄၂၁၈၄၈)ဦးသို့ အသေးစားအရင်းအနှီးချေးငွေ (၈၈၇၀၁. ၇၆)ကျပ်သန်း၊ လယ်ယာမြေ (၃၇၆၆)ဧက အဆင့်မြှင့်တင်ပြုပြင်ခြင်းအတွက် ပံ့ပိုးချေးငွေ (၁၂၄၆. ၈၀)ကျပ်သန်း၊ လယ်ယာသုံး စက်ကိရိယာစီးရေ စုစုပေါင်း (၉၇)စီးအတွက် ချေးငွေ (၁၄၇၃.၀၄)ကျပ်သန်း၊ စုစုပေါင်း ထုတ်ချေးငွေ(၉၁၄၂၁. ၆၀)ကျပ်သန်းအား အသင်းသား တောင်သူများ လက်ဝယ်အရောက် ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment