Thursday, January 5, 2017

မြန်မာဆေးမားအူးလ်အွန်ဒုန်စီမံကိန်း ဈေးညောင်ပင်သာကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
                                                                                နေပြည်တော်၊ ဇန်နဝါရီလ(၃)ရက်

    ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဈေးညောင်ပင်သာကျေးရွာတွင် မြန်မာဆေးမားအူးလ်အွန်ဒုန် စီမံကိန်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၃)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး နှင့် အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တိုင်းနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ကျေးရွာရပ် မိရပ်ဖများ နှင့် ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ကြသည်။
အဆိုပါလမ်းအား ကိုရီးယားသမ္မတနိုင်ငံ ကျေးရွာသစ်စီမံကိန်း SMU မှ ကူညီထောက်ပံ့မှု ၊ ဒေသနေပြည်သူများ၏ လုပ်အားတို့ဖြင့် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ ဦးဆောင်ကာ ဈေးညောင်ပင်သာကျေးရွာဖွံ့ဖြိုးရေးနှင့် ဒေသနေပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် ယခင်မြေသားလမ်းအစား အရှည်(၈၀၀ ပေ)× အကျယ်(၁၀ ပေ)×အမြင့်(၆ လက္မ)ရှိ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ကျေးလက်နေပြည်သူများ ဝမ်းမြောက်ဂုဏ်ယူ လျှက် ရှိကြကြောင်းသိရှိရသည်။

No comments:

Post a Comment