Sunday, January 15, 2017


 မက်မုံ့ဆုံ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ဖွင့်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင်  နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နှင့် နီပွန်ဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်သည့် မက်မုံ့ဆုံ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများကို ဇန်နဝါရီလ(၈)ရက်နေ့က ဆိုပါကျောင်းဆောင်သစ် ရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးကြသည်။


No comments:

Post a Comment