ကနဦး ပေးသွင်းငွေ အဖြစ် စက်၏တန်ဘိုး ၁၀% ကိုသာပေးသွင်း၍ အရစ်ကျပေးသွင်းဝယ်ယူနိုင်မည့်
လယ်ယာသုံး စက်ကိရိယာ များကြည့်ရှုစစ်ဆေး
လယ်ယာသုံး စက်ကိရိယာ များကြည့်ရှုစစ်ဆေး
လယ်ယာလုပ်ငန်းခွင် လေလွင့်ဆုံးရှုံးမှုနှင့် ထုတ်လုပ်စရိတ်လျော့ချနိုင်ပြီး တောင်သူများ ဝင်ငွေတိုးတက်ရရှိနိုင်စေရန်၊ တောင်သူလယ်သမားများ စက်မှုလယ်ယာစနစ်ကို လက်တွေ့ ပြောင်းလဲ ကျင့်သုံးလာနိုင်စေရန်၊လယ်ယာသုံးစက်ကိရိယာများဝယ်ယူရာတွင် ကနဦး ပေးသွင်းငွေ အဖြစ် စက်၏တန်ဘိုး ၁၀% ကိုသာပေးသွင်း၍ စက်များရယူသုံးစွဲပြီး အလုပ်အကိုင် ဝင်ငွေ ရှာဖွေကာ အရစ်ကျပေးသွင်းခြင်းဖြင့် တန်ဘိုးမြင့်စက်များ ပိုင်ဆိုင်အသုံးပြု နိုင်ကြစေရန် ရည်ရွယ်ရောင်းချပေးမည့် လယ်ယာသုံးစက် ကိရိယာများသည် ဇန်နဝါရီလ (၁၄)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ကျိုက်ကလို့ အမှတ်(၁) ပင်မစက်ပြင် အလုပ်ရုံသို့ ရောက်ရှိနေမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးအားပေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က လယ်ယာသုံး စက်ကိရိယာ များ၊ Sonalika ဆိုနာလီကာထွန်စက်ကြီးများ အပါအဝင် ချင်းပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့၊ ရှမ်းတောင် ဒေသများတွင် ကုန်းမြင့်လယ်ယာများ ဖော်ထုတ်ဆောင်ရွက်ပေးရန် မြေတူးစက်ကြီး (၈)စီး ရောက်ရှိ နေမှုများကို ရှင်းလင်းပြသသည်။
No comments:
Post a Comment