စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများထံ
အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲ အခမ်းအနားများကျင်းပ
13-1-2017 နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသော
သမဝါယမအသင်းသားများအား အသေးစား အရင်းအနှီး ချေးငွေပေးအပ်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာ များ ပေးအပ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တို့တက်ရောက်ကြပြီး အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၄)မြို့နယ် မှ ကျေးရွာ သမဝါယမ အသင်း (၄၆၉၆)သင်း အသင်းသား(၃၇၇၇၇၁)ဦးတို့သို့ အသေးစားအရင်းအနှီးချေးငွေ ကျပ်(၆၉၃၃၀) သန်းနှင့် လယ်ယာသုံး စက်ကိရိယာ (၄၅၉)ခုအတွက် တန်ဖိုး (၂၉၅၆)ကျပ်သန်း၊ စုစုပေါင်းတန်ဖိုး (၇၂၂၈၆)ကျပ်သန်းကို ထုတ်ချေးပေးခဲ့သည်။
No comments:
Post a Comment