ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အပင်မျိုးသစ်အကာအကွယ်ပေးရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဇန်နဝါရီလ(၁၆)ရက် နံနက်(၉)နာရီအချိန်က ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံ Naktuinbouw Variety Testing Department နှင့် Wageningen University တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အပင်မျိုးသစ်အကာအကွယ်ပေးရေးဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားသည်။
ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးနိုင်သောမြေဧရိယာနှင့် အခြားသော ပတ်ဝန်းကျင် သဘာဝအရင်းအမြစ်များရှားပါးလာခြင်းနှင့်အတူ ရာသီဥတုဖောက်ပြန်ပြောင်းလဲ ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေကြရလျက်ရှိရာ ကုန်ကျစရိတ်သက်သာစွာဖြင့် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်နိုင်မည့် နည်းလမ်းကောင်းများအနက်မှ အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်း၊ပိုးမွှားရောဂါနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အပင်မျိုးသစ်များမွေးမြူသည့်နည်းလမ်း ကို အသုံးပြုခြင်းဖြင့် ကမ္ဘာ့ဈေးကွက်တွင် သီးနှံများ၏ ဈေးကွက်နှင့် တန်ဖိုးကို မြှင့်တင်ပေး နိုင်ရုံမျှမက သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကိုပါ ထိန်းသိမ်းပေးနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း စားနပ်ရိက္ခာထုတ်လုပ်မှုတိုးတက်စေရေး နှင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့်လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပင်မျိုးသစ် မွေးမြူခြင်းနှင့် အပင်မျိုးသစ်များရှာဖွေအသုံးပြုခြင်း နည်းပညာများကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment