ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ
စီပင်စိုက်ပျိုးရေး
သုတေသနခြံ သုတေသနလုပ်ငန်းများနှင့်
မျိုးသန့်မျိုးပွားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးအားပေး
ဒုတိယသမ္မတ-၂
ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊
ဒုတိယဝန်ကြီးများ သည် ဇန်နဝါရီလ(၁၈)ရက် နံနက်(၁၀)နာရီက
ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေး သုတေသနခြံ သို့ ရောက်ရှိကြပြီး သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မျိုးသန့်မျိုးပွားထုတ်လုပ်မှုလုပ်ငန်းများ ကို
ကြည့်ရှုစစ်ဆေးအားပေးရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က ရှင်းလင်းပြသခဲ့သည်။
No comments:
Post a Comment