Sunday, January 15, 2017

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနMOALI  နှင့်
ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန MAFF တို့၏
ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းလုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ။

   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနMOALI  နှင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေ လုပ်ငန်းဝန်ကြီးဌာန MAFF တို့၏ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလုပ်ငန်းများ ဆိုင်ရာ ဆွေးနွေးပွဲကို 12-1-2017နေ့တွင် နေပြည်တော်ဟိုတယ်ဇုံရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကားပြော ကြားသည်။
     ဆွေးနွေးပွဲတွင် MOALI  နှင့် MAFF မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍများတွင် ထုတ်လုပ် သည်မှ  သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စားသုံးခြင်း စသည့် လူသုံးကုန် အစားအစာ တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် နည်းပညာတိုးမြှင့်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ ပြည်ပဈေးကွက်သို့ အရည် အသွေးပြည့်ဝစွာ ထုတ်လုပ်တင်ပို့နိုင်ရေး၊ အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေး အလေးပေး ဆောင်ရွက်ရန် ကိစ္စရပ်များအား နှစ်ဘက် အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။


 

No comments:

Post a Comment