မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများထံ အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲ အခမ်းအနားများကျင်းပ
ဇန်နဝါရီလ - ၁၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်ကြီး မြို့နယ်တွင် ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း သားများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ပွဲအခမ်းအနား သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ သမဝါယမအသင်းစုချုပ် ဥက္ကဌများနှင့် အသင်းသား အသင်းသူများ၊ လယ်ယာသုံးစက်ကိရိယာများရောင်းချသည့် ကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၄)မြို့နယ်၊ကျေးရွာ/သမဝါယမ အသင်း (၃၄၅၆)သင်းမှ အသင်းသား(၄၁၀၅၁၆)ဦးသို့ အသေးစားအရင်းအနှီးချေးငွေ ကျပ်(၆၉၄၂၈) သန်းနှင့် လယ်ယာသုံး စက်ကိရိယာ (၁၁၄)ခု အတွက် တန်ဖိုး (၃၃၁၅)ကျပ်သန်း၊ စုစုပေါင်း တန်ဖိုး (၇၂၇၄၃)ကျပ်သန်း ကို ထုတ်ချေးပေးခဲ့သည်။
No comments:
Post a Comment