Tuesday, January 17, 2017


 အပင်ဇီဝနည်းပညာဗဟိုဌာန သို့ရောက်ရှိစစ်ဆေး
       ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ သည် ဇန်နဝါရီလ(၁၄)ရက်နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ အပင်ဇီဝနည်းပညာဗဟိုဌာန သို့ရောက်ရှိပြီး သုတေသနလုပ် ငန်းဆောင်ရွက်နေမှုများ၊ သီးနှံမျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေမှုများ၊ သီးနှံများ ၏မျိုးရိုးဗီဇ စစ်ဆေးခြင်းလုပ်ငန်းများ၊ပို့ကုန် သွင်းကုန်သီးနှံများဆိုင်ရာ စိစစ်ထောက်ခံချက်များ ထုတ်ပေး နေမှု၊ဆန်အရည်အသွေး စစ်ဆေးပေးနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဌာနမှူး ဒေါက်တာပပအောင် တို့က ရှင်းလင်းပြသကြသည်။ 


No comments:

Post a Comment