စတုတ္ထအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ
စတုတ္ထအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေး ကို ဇန်နဝါရီလ(၁၉)ရက် နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ဗဟိုကော်မတီအဖွဲ့ဝင်များစုံညီစွာ တက်ရောက်ကြသည်။
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ နိုင်ငံနှင့်အဝန်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ရယူထားပြီး ကင်းလွတ်ခွင့်ကာလကုန်ဆုံးခဲ့သည့် မြေများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ စတင်ကောက်ခံ နိုင်ရေး ပြည်ထောင်စုအစိုးရရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်းနှင့် အစိုးရကာလ အဆက်ဆက်က လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံနှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား နိုင်ငံနှင့်အဝန်း ဒေသအသီးသီးမှာ အကြောင်းအမျိုးမျိုးဖြင့် ရယူထားခဲ့ပြီး သတ်မှတ်ကာလ(၄)နှစ် အတွင်း လုပ်ကိုင် နိုင်စွမ်းမရှိသည့် မြေများကို အမှန်တကယ် လုပ်ကိုင်လိုသူ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများနှင့် ဒေသအသီးသီး ရှိ ဒေသခံ လယ်မဲ့၊ ယာမဲ့ တောင်သူ လယ်သမားများသို့ လုပ်ကိုင်နိုင်ရန် ဆက်လက် ချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

No comments:
Post a Comment