Sunday, January 15, 2017

ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ နှင့် တာဝန်ရှိသူများ အင်းလေးကန်ပြုပြင်မွမ်းမံမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေး။
  
   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းလေးကန်သာယာလှပ စိမ်းလန်းစိုပြည်ရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းဆောင်ရွက်နေမှုများကို စက်လှေများဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်း ပြသသည်။
  အင်းလေးကန်သည် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေချိုင့်ဝှမ်းတောင်ဘက်စွန်း တွင်တည်ရှိ၍ ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသည့် ကျောက်ပျော်ကန် အမျိုး အစားဖြစ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝကုန်းတွင်းရေကန်ဖြစ်ပြီး အာဆီယံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ်လည်း သတ်မှတ်ခံရသော သဘာဝရေအိုင်ကြီးဖြစ်သည်။
    အင်းလေးကန်သည် ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားရာနေရာတစ်ခုဖြစ်သကဲ့သို့ ကန်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ ထူးခြားသည့် ဓလေ့ထုံးစံများ၊ သာယာ လှပ၍ စိတ်ဝင်စားဖွယ်ကောင်းသည့် ပထဝီအနေအထားများ ၊ သဘာဝဝန်းကျင်ဂေဟစနစ်များ မပျက်သုဉ်းစေရန်၊ အင်းလေးကန် အစဉ်သာယာလှပစိမ်းလန်းစိုပြေစေရန် တို့အတွက် နိုင်ငံတော် ၏ လမ်းညွှန်ချက်၊ ဒေသတာဝန်ရှိသူများ၏အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အခြားသက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။





 

No comments:

Post a Comment