Monday, January 9, 2017

 ဟဲဟိုးမျိုးပွားဥယျာဉ်ခြံလုပ်ငန်းဆိုင်ရာများ မှာကြားဆွေးနွေး

      ဇန်နဝါရီလ(၇)ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့သည် ရှမ်းပြည်နယ် ဟဲဟိုးမျိုးပွားဥယျာဉ်ခြံ သို့ရောက်ရှိပြီး မျိုးစေ့ထုတ်ပညာရှင်များ၊ တစ်သျူး ပညာရှင်များ နှင့် တွေ့ဆုံကာ နိုင်ငံ၏ စားဖိုဆောင်ကြီးအဖြစ် တင်စားရလောက်သည့် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်လျက်ရှိသော ရေခံမြေခံကောင်းသည့် ရှမ်းပြည်နယ်အနေဖြင့် GAP Guideline စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ခြင်းဖြင့် ဒေသတောင်သူများ ဝင်ငွေနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်နယ်၏ စပါး မျိုးကောင်း မျိုးသန့် မျိုးစေ့ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် စိုက်ပျိုးရေးပညာရှင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ထိရောက်သော စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် ရန် ဆွေးနွေး ပြောကြားသည်။



No comments:

Post a Comment