ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အပူပိုင်းဇီဝနည်းပညာလီမိတက်၏
အပူပိုင်းသီးနှံအမယ်သစ်များကွင်းပြပွဲအခမ်းအနားသို့
တက်ရောက်အားပေး။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် ၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာရဲတင့်ထွန်း နှင့် ဦးစိုးလှိုင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ညွှန်ကြားရေးမှူးများ နှင့် စိုက်ပျိုးရေးပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၁၀)ရက် နံနက်(၈)နာရီအချိန်က နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအနီး အပူပိုင်းဇီဝ နည်းပညာလီမိတက် မှ ဆောင်ရွက်လျက်ရှိသော အပူပိုင်းသီးနှံအမယ်သစ်များ ကွင်းပြပွဲသို့ ရောက်ရှိကြပြီး အပူပိုင်းသီးနှံ ပဲမျိုးစုံစိုက်ခင်းများအားလည်းကောင်း၊ ပိုက်ကွန်စနစ်ဖြင့် စိုက်ပျိုးထားသော ခရမ်းချဉ်သီးနှံစိုက်ခင်း ကိုလည်းကောင်း၊ ငရုတ်စပ်မျိုး အမလိုင်းစိုက်ခင်း နှင့် အဖိုလိုင်း စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုအားပေးကြရာ အပူပိုင်းဇီဝနည်းပညာလီမိတက် ဥက္ကဌ မစ္စတာမူရားခါး နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ရှင်းလင်းဆောင်ခန်းမတွင် ပဲစိုက်တောင်သူများနှင့်တွေ့ဆုံပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကုန်သွယ်ရေးလမ်းကြောင်းများ ပွင့်လင်းလာလျက်ရှိရာ
ဈေးကွက်ဝင်ဆံ့နိုင်ရေး ဈေးကောင်းရရှိ ရေးတို့အတွက် မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရန် ၊ သွင်းအားစုအပါအဝင် ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ တိကျစွာလိုက်နာဆောင်ရွက်ရန်၊ GAP စံသတ်မှတ်ချက် ကဲ့သို့သော ဈေးကွက်၏ လိုအပ်ချက် စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ချက်များအား အကျယ်တဝင့်ဆွေးနွေးအမှာစကားပြော
ကြားသည်။
ပဲမျိုးစုံသီးနှံ သည် လေထုထဲရှိ နိုက်ထရိုဂျင် ဓါတ်ကို ရိုင်ဇိုဘီယမ် ဘတ်တီးရီးယား အကူအညီဖြင့် ဖမ်းယူပြီး နောက်စိုက်မည့်သီးနှံအတွက် မြေဆီသြဇာပိုမိုထက်သန်ကောင်းမွန် စေခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်း အကျိုးအမြတ်ရလွယ် ခြင်း၊ မြေအချဉ်၊ မြေအငံ၊ မြေအမျိုးမျိုး နှင့် အပူချိန်၊ အလင်း ရောင်နှင့်ရာသီဥတုကွာခြားမှုရှိသည့် ဒေသအသီးသီးတွင်လည်း သက်တမ်းအတို အရှည်အလိုက် သင့်လျှော်သော သီးနှံပုံစံအမျိုးမျိုး ရွေးချယ်စိုက်ပျိုးနိုင်ခြင်း၊ ထွန်ယက်ခြင်းမပြုဘဲ သီးကြိုရေလိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်း တို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တောင်သူများ အလေးထားစိုက်ပျိုးလျှက်ရှိသော သီးနှံ ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment