စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့
အသေးစားအရင်းအနှီးချေးငွေ ကျပ်သန်းပေါင်း ၅၁၅၀၀၀ နှင့်
လယ်ယာသုံးစက်ကိရိယာများ တန်ဖိုး ကျပ်သန်းပေါင်း ၁၁၄၁၉ ပေးအပ်

စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ အသေးစားအရင်းအနှီးချေးငွေ ကျပ်သန်းပေါင်း (၅၁၅၀၀၀)နှင့် လယ်ယာသုံးစက်ကိရိယာများ တန်ဖိုး ကျပ်သန်းပေါင်း(၁၁၄၁၉) ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၆ ရက် နံနက်(၀၉၀၀)နာရီတွင် နေပြည်တော် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဗဟိုသမဝါယမအသင်း ဥက္ကဌ ဦးခင်မောင်အေး ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌများ ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ ဖိတ်ကြားထားသူများ စုံညီစွာတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ချေးပေးခဲ့သော အသေးစား အရင်းအနှီးချေးငွေများအား ပျက်ကွက်သူမရှိ ရာနှုန်းပြည့် ပေးဆပ်ကြသည့်အတွက် သမဝါယမ အသင်းသား တောင်သူဦးကြီးများ ၊ သမဝါယမ ဦးစီးဌာနနှင့် အသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ အပြေအကျေ ပေးဆပ်ကြသည့် အလေ့အကျင့် ကောင်းများကို ဆက်လက်ထိန်းသိမ်းကြဖို့ လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယခုအကြိမ် သမဝါယမ အသေးစားအရင်းအနှီးချေးငွေ ထုတ်ချေးပေးခြင်းသည် အစိုးရသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်း ဖြစ်သည်။

No comments:
Post a Comment