ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိရွာငံမြို့နယ်နှင့် ကော်ဖီခြံများ
ကွင်းဆင်းစစ်ဆေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးလှမြင့်အောင် သည် (၃၁.၁၂.၂၀၁၆)ရက်နေ့တွင် သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးနှင့် အတူရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင်၊ရွာငံမြို့နယ်ရှိစိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တောင်သူများလက်ဝယ်အရောက်နည်းပညာပြန့်ပွားရေး၊ ကွင်း ဝန်ထမ်းများ ကျေးရွာတောင်သူအခြေပြုကွင်းဆင်းစစ်ဆောင်ရွက်ရေးနှင့် ထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မှီ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ဈေးကွက်ကောင်းချိတ်ဆက်နိုင်ရေး၊ ပြောင်းလဲလာသော ရာသီဥတုနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များကိုကျင့်သုံးရန်တို့ကိုဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ရွာငံမြို့နယ်ရှိ ၊ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ သို့ ရောက်ရှိပြီး ကော်ဖီသီးနှံစိုက်ပျိုးထားရှိမှု့အခြေအနေများ၊ အရိပ်ရပင်များတွဲဖက်စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများအား ဆောင်ရွက်ရန်၊ ရွာငံမြို့နယ်သည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအတွက် အရေးပါသောဒေသဖြစ်၍ ဒေသတွင်းကိုယ်စားပြုစံပြခြံဖြစ်အောင်ဆောင်ရွက်သွားရန်၊ အရည်အသွေးကောင်းမွန်သော ကော်ဖီ မျိုးကောင်းမျိုးသန့်များအား ဖြန့်ဖြူးပေးနိုင်ရန် တို့ကိုဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment