စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနMOALI နှင့်
ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန MAFF
တို့၏ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းလုပ်ငန်းများဆိုင်ရာ
ဆွေးနွေးပွဲကျင်းပ ။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဇန်နဝါရီလ(၁၂)ရက် နံနက်(၈)နာရီအချိန်က ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန MAFF မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Masahiko TANOI ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ဆောင်ရွက် လျက်ရှိသော လယ်ယာ ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သားငါးနှင့်စိုက်ပျိုး ထုတ်လုပ်မှုစွမ်းအားများ တပြေးညီတိုးတက်ရန်၊ အစားအစာအာဟာရတန်ဖိုး ကွင်းဆက်များအပေါ် ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ခြင်းအားဖြင့် ရလဒ်ကောင်းများ ဖော်ဆောင်နိုင်စေရန်၊ ဂျပန်-မြန်မာ အစားအစာ တန်ဖိုးမြင့် ကွင်းဆက်၏Road Map အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
No comments:
Post a Comment