ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် စိုက်ပျိုးရေ နှင့် သောက်သုံးရေ ပေးဝေနေမှုများကြည့်ရှု စစ်ဆေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ - ၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် က ဒေသ၏ စိုက်ပျိုးရေ နှင့် သောက်သုံးရေတို့အတွက် အဓိက မှီခိုအားထားရာဖြစ်သော သက်တမ်း(၇၁၁)နှစ် ရှိပြီဖြစ်သည့် ကျီးနီကန် ပြန်လည်ပြုပြင်ခဲ့မှုများ၊ မိုးစပါး နွေစပါး အပါအဝင်သီးနှံများအတွက် စိုက်ပျိုးရေ ပေးဝေနိုင်မှုနှင့် ဒေသစိမ်းလန်းစိုပြည်ရေး အကျိုး ပြုနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ကန်၏ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် လိုအပ် ချက်များ မှာကြားဆွေးနွေးပြီး ကန်အတွင်း ရေသိုလှောင်ထားရှိမှု၊ စိုက်ပျိုးရေ နှင့် သောက်သုံးရေ ပေးဝေနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

No comments:
Post a Comment