ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ
MAPCO ကုမ္ပဏီ၏ အဆင့်မြင့်ဆန်စက်အား ကြည့်ရှုစစ်ဆေးအားပေး
ဒုတိယသမ္မတ-၂
ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊
ဒုတိယဝန်ကြီးများ သည် ဇန်နဝါရီလ(၁၈)ရက် နေ့လည်(၁၂)နာရီ က နေပြည်တော် ပျဉ်းမနား မယ်ဇလီကုန်းကျေးရွာအနီးရှိ MAPCO ကုမ္ပဏီ၏ အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိကြပြီး ဆန်ကြိတ်ခွဲနေမှု၊ သိုလှောင်ထိန်းသိမ်းထားရှိမှု နှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ကြည့်ရှုစစ်ဆေးအားပေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။
No comments:
Post a Comment