စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိဌာနပိုင်ခြံများနှင့်စိုက်ပျိုးရေးသိပ္ပံသို့
ကွင်းဆင်းစစ်ဆေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးလှမြင့်အောင် သည် (၂၈.၁၂.၂၀၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟဲဟိုးမြို့နယ်အတွင်းရှိ ဟဲဟိုးမျိုးပွားဥယျာဉ်ခြံ နှင့် တာယောမျိုးသန့်ခြံတို့တွင် ခြံတာဝန်ခံနှင့် ၀န်ထမ်းများအား တွေ့ဆုံကာ မျိုးစေ့ထုတ်လုပ်ငန်းများအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး၊ ဒေသအတွင်း တောင်သူလယ်သမားအစု့အဖွဲ့များ၊ ပုဂ္ဂလိကမျိုးစေ့ထုတ်လုပ်ငန်းများနှင့် မိမိဌာနမျိုးစေ့ထုတ်ခြံများ ပူးပေါင်း၍ အရည်အသွေးပြည့် မျိုးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရေး၊ သဘာဝမြေသြဇာ ပိုမိုသုံးစွဲရေး၊ မြေဆီမြေသြဇာထိန်းသိမ်းနည်းစနစ်များအား ကျင့်သုံးရန်၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံမျိုးသန့်ပြန့်ပွားရေးနှင့်စံပြကွက်များဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးသိပ္ပံ၊ဟဲဟိုးသို့သွားရောက်ပြီး ဆရာ၊ဆရာမများနှင့်တွေ့ ဆုံ၍ ဒေသနေ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းခွင်နှင့် အံဝင်သည့် စာတွေ့နှင့်လက်တွေ့ ချိတ်ဆက်မိသော အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာ ရှင်များမွေးထုတ်ပေးရေး၊ မှာကြားပြီး ကျောင်သား၊ကျောင်းသူများ၏ ပညာရေး၊ စားသောက်ရေးနှင့် နေထိုင်ရေးတို့အား ကြည်ရှု့စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment