Friday, January 27, 2017




ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ    
     မုန်တိုင်ရေလှောင်တမံ နှင့် ကြက်မောက်တောင်ရေလှောင်တမံ များအား ကြည့်ရှု စစ်ဆေး
      စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းဦး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဦး တို့လိုက်ပါလျက် ဇန်နဝါရီလ(၂၄)ရက် နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မုန်တိုင်ရေလှောင်တမံသို့ရောက်ရှိပြီး ဆည်ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ ဒေသစိုက်ပျိုးရေနှင့်သောက်သုံးရေ ဖြန့်ဝေပေးမှု၊ မိတ္ထီလာကန်သို့ ရေကူပေး နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
     မုန်တိုင်ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ချောင်းကိုပိတ်၍ တည်ဆောက်ထားသည့် မြေသားတမံအမျိုးအစားဖြစ်ကာ ၁၉၆၆-၆၇ခုနှစ်တွင်တည်ဆောက်ပြီးစီး ခဲ့သည်။ပင်မတမံအလျား(၄၂၀၀)ပေ တမံအမြင့်(၆၇)ပေ ရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ (၂၇၀၄၅) ဧကပေ နှင့် ပေ(၃၀၀)အကျယ် ကွန်ကရစ်ရေပိုလွှဲ၊ သံကူကွန်ကရစ် အချင်း(၇)ပေ အရှည်(၄၁၁)ပေရှိ ရေထုတ်ပြွန်တို့ဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ရေသွယ်တူးမြောင်းများအနေဖြင့် ကွန်ကရစ် မြောင်း(၁. ၁၇)မိုင်၊ အုတ်စီမြောင်း (၆. ၂၀)မိုင်၊ မြေသားမြောင်း(၁. ၇၀)မိုင်၊ ချောင်မ (၁၃. ၉၈)မိုင် ပါရှိပြီး ဒေသစိမ်းလန်းစိုပြေရေး နှင့် စိုက်ပျိုးရေ သောက်သုံးရေ များအပြင် မိတ္ထီလာကန်သို့ ရေကူပေး နေသော ဆည်တမံတစ်ခုလည်းဖြစ်သည် ။
       ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်
 ရေလှောင်တမံ သို့ ရောက်ရှိကြပြီး နှစ်စဉ်မိုးရွာသွန်းမှုနှင့် ရေစုဆောင်း သိုလှောင်နိုင်မှု၊ စိုက်ပျိုးရေနှင့်
သောက်သုံးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
                   ကြက်မောက်တောင်ရေလှောင်တမံကို ရုရှားပညာရှင်များနှင့် မြန်မာပညာရှင်များ ပူးပေါင်း
 ဆောင်ရွက်ခဲ့ကြပြီး ၁၉၆၆-၆၇ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ပင်မတမံအလျား(၈၅၀၀)ပေ တမံအမြင့်(၁၁၂. ၅)ပေ ရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ (၇၃၁၀၀) ဧကပေ သိုလှောင်နိုင် သည်။ ပေ(၃၀၀)အကျယ် R.C Broad Crest - Chute Type ရေပိုလွှဲ၊ သံကူကွန်ကရစ်ပိုက် အချင်း(၇)ပေ အရှည်(၄၃၄)ပေရှိ ရေထုတ်ပြွန်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ရေသွယ်တူးမြောင်းများ အနေဖြင့် တူးမြောင်းမကြီး(၂)ခု၊ လက်တံမြောင်း(၃၅)ခု တို့ဖြင့် ဒေသစိမ်းလန်း စိုပြေရေး နှင့် စိုက်ပျိုးရေ သောက်သုံး
ရေများဖြန့်ဝေပေးလျက်ရှိသည်။ 









No comments:

Post a Comment