စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri နှင့်တွေ့ဆုံ
လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး ။
နေပြည်တော်။ ဇန်နဝါရီလ(၃)ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အား ပြည်ထောင်စုဝန်ကြီး ရုံး ဧည့်ခန်းမ၌တွေ့ဆုံ၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ အိန္ဒိယကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ Advanced Centre for Agriculture Research and Education (ACARE) အစီအစဉ်ဖြင့် ဒေသတွင်း Centre of Excellence အနေဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ပဲမျိုးစုံသုတေသနကဏ္ဍ တိုးမြှင့် ဆောင်ရွက်ရန်နှင့် မြေဆီလွှာနှင့်မြေဆီသြဇာထိန်းသိမ်းရေး စီမံခန့်ခွဲမှုလုပ်ငန်းများ အပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဘက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:
Post a Comment